Chapter - 20

3.2K 508 33
                                    

『Unicode』

အခန်း ( ၂၀ ) - နောင်တများ။

※※※※※※※※※※※※※※※※※※※※


ကျန်းကျွယ်သည် ချန်ပေါ်ချောင်ယူလာပေးသော အင်္ကျီလက်တိုကိုဝတ်လျက် ၊ ထိုင်ခုံမှာထိုင်ပြီး ခေါင်းငုံ့ကာ ယာဂုကိုခပ်ယူလိုက်သည်​။

သူ့ဆံပင်​၏ အဖျားများမှာ အနည်းငယ်ကောက်၍ ခပ်လျော့လျော့စိီးထားတာကြောင့် ပါးပြင်ဘေးမှာ ဆံစတချို့ကျဆင်းနေသည်။ သူ့ခန္ဓာကိုယ်သည် ရေချိုးဆပ်ပြာနံ့ရောသော မတူသည့်ဖယ်ရိုမုန်းနံ့နှစ်မျိုးကို ထွက်နေခဲ့လျက်။ တစ်မျိူးကတော့ ချန်ပေါ်ချောင်​၏ ရနံ့သည်ပင်။

ချန်ပေါ်ချောင်က စားပြီးပြီဖြစ်တာကြောင့် ဘေးမှာထိုင်၍ ကျန်းကျွယ်ကို ကြည့်နေလိုက်သည်။

သူသည် ကျန်းကျွယ်ကို ခေါင်းအစခြေအဆုံးကြည့်နေရင်း လိင်ဆက်ဆံထားသည့် အရိပ်အယောင်များ သိပ်မများလှတာကို သိလိုက်ရ​၏။ ဖျော့တော့သောမျက်နှာနှင့် အလွန်ရဲနေသောနှုတ်ခမ်းလွှာတို့ကသာလျှင် ဖျက်စီးမခံရသေးသောသက်သေများပမာ ကျန်ရစ်နေခဲ့သည်။

ကျန်းကျွယ်​၏ ညည်းသံများမှာ အလွန်တိုးလျပြီး အများစုတွင်လည်း သူက အောင့်ထားတတ်​၏။ သူ့တွင် နူးညံ့သောလျှာနှင့် သွယ်လျသော ခြေတံများရှိသည်။ အထွတ်အထိပ်ရောက်သောအခါဆိုလျှင် ချန်ပေါ်ချောင့်ကို ရီဝေနေသောမျက်ဝန်းများဖြင့် ကြည့်လာပေလိမ့်မည်။သူ ဘာမှ မပြောသော်လည်း ချန်ပေါ်ချောင်ကတော့ ကျန်းကျွယ်ဟာ သူ့မျက်နှာကို မမြင်ရတာ မကြိုက်မှန်း ၊ အချင်းချင်းကြည့်ရသည့် မည်သည့်အနေအထားမဆို ပူးပေါင်းပေးတတ်မှန်း သတိပြုမိ​ခဲ့​၏။

ချန်ပေါ်ချောင်​၏ မျက်လုံးတွေက သူ့ထံမှာ အစဉ်သဖြင့်ရှိနေသည်အား သတိထားမိသည်ထင် ၊ ကျန်းကျွယ်က ခေါင်းမော့က ချန်ပေါ်ချောင့်ကို တစ်ချက်ကြည့်​၏။

နှစ်ယောက်သား စက္ကန့်အနည်းငယ်လောက်ကြည့်နေမိကြသည်​။ ချန်ပေါ်ချောင်က စကားမဆိုလာသဖြင့် ကျန်းကျွယ်ခေါင်းငုံ့ပြီး ဖြည်းဖြည်းချင်းစစားလိုက်တော့သည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now