💌 (1)

160 13 16
                                    

(၁)

2000ခုနှစ်ရောက်ရင် ကမ္ဘာပျက်မယ်ဆိုတဲ့ ကောလဟာလကို လေကြီး လေကျယ်ပြောနေတဲ့ အဲ့ငနဲအသံက ခုံပေါ်မှောက်အိပ်နေတဲ့Daeyoungနားထဲ ဆိုးဆိုးရွားရွား ဝင်လာခဲ့တယ်။

1998ခုနှစ် ပူပြင်းလွန်းလှတဲ့ မေလရဲ့အလယ်။
ဂျပန်နိုင်ငံ ဖူကူအီ ရဲ့ အထက်တန်းကျောင်း
ဝါညစ်ညစ်နံရံဆေးတွေ‌သုတ်ထားတဲ့ စာင်သင်ခန်းထဲမှာ စာသင်မည့်သူမရှိ
အချိန်က နေ့လည်၁နာရီ

ဒုတိယအထပ်က အလယ်တန်းကျောင်းသား ကျောင်းသူတွေက ဆရာ မရှိလျှင် မရှိသလို ဆူညံနေတတ်ကြတယ်။ကိုယ့်နေရာမှာကိုယ်မထိုင်ဘဲ နောက်ဆုံးခုံမှာ စုနေတဲ့ အဖွဲ့အစည်းလေးဟာ အခန်းထဲမှာ အရမ်း‌ဆူညံလွန်းတယ်။အိပ်မှုန်စုတ်ဖွား ဖြစ်နေတဲ့ Daeyoung ဟာ ပြတင်းပေါက်က လေပူတစ်ချက်ကြောင့် စိတ်တွေ ညစ်ညူးသွားပြန်တယ်။

ဒီနှစ်မှ ကျောင်းပြောင်းလာတဲ့ ကိုရီးယားနိုင်ငံသားလေးဟာ ဂျပန်နိုင်ငံက လေထုနဲ့မရင်းနှီးသေးသလို စကားအရမ်းများတဲ့ ဂျပန်နိုင်ငံသားတွေနဲ့ မရင်းနှီးချင်ဘူး။

"Rikuရာ မင်းပြောသမျှကမှန်ခဲ့ပေမယ့် ကမ္ဘာတော့ မပျက်လောက်ပါဘူး"

နောက်တန်းမှာ စုနေတဲ့ အဖွဲ့အစည်းလေးထဲက ကောင်လေးတစ်ယောက်က ဘောလုံးကို မြှောက်ဆော့ပြီး ပြောလိုက်တယ်။Riku တစ်ချက်ပြုံးလိုက်တယ်။

"ဟေ့ကောင် ငါဘယ်သူလဲ Maeda Rikuပါ မမှန်ဘူးဆိုတာ မရှိဘူး အခုအပြင်ကိုကြည့်လိုက်စမ်း မြေကြီးတွေပက်ကြားအက်ပြီးကွဲနေပြီ နေကြီးက ဝင်းထိန်နေအောင်ပူနေပြီ ဒီလိုအတိုင်းဆို လူတွေရေငတ်ပြီး သေရင်သေ မဟုတ်ရင် မြေကြီးထ‌ဲကျွံဝင်ပြီး သေကြမှာ"

Riku က လုံးဝ ဆရာကြီးစတိုင်နဲ့ စာသင်ခုံပေါ်ထိုင်ပြီး အပြင်ဘက်ကို လက်ညှိုးထိုးပြီး ပြောနေတယ်။ရယ်လိုက်မိပြန်တယ် ဒီတစ်ခါရယ်လိုက်မိသူက Daeyoung ပင်။‌မြေကြီးတွေအက်ကွဲနေတာဟာ သူတို့နိုင်ငံရဲ့ပူလွန်းတဲ့ရာသီဥတုကြောင့်ဆိုတာ ဒီဂျပန်နိုင်ငံသားက မသိလေသလား။

"ဟင့် ငါကြောက်လိုက်တာ ငါမသေချင်သေးဘူး"

Rikuဘေးနားက ကောင်မလေးက မျက်ရည်တလဲ့လဲ့နဲ့ ပြောလာတာကို ကြည့်ပြီး Rikuဟာ ပြုံးလိုက်မိပြန်တယ်။အဲ့ဒါကိုလဲ Daeyoung က သေချာပေါက်မြင်လိုက်တယ်။

SILENCEWhere stories live. Discover now