💌 (3)

61 11 16
                                    

(၃)

ဆာကူရာတွေကြွေနေတဲ့လမ်းတစ်လျှောက်မှာ Daeyoung က ခြေလှမ်းတွေကို ရေတွက်ပြီး လမ်းလျှောက်နေတာ နည်းနည်းတော့ရယ်စရာကောင်းသား။
‌ဒီဖူကူအီမြို့လေးက မနက်ခင်းပိုင်းမှာတော့ အအေးပိုတတ်ပြီး နေ့ခင်းတွေမှာဆို ပူလာတယ်။အသားမကျသေးတဲ့ရာသီဥတုနဲ့ Daeyoung ညှိယူနေရတယ်။

"ဘေးလေးကို နည်းနည်းလောက်ပါ"

Daeyoung အသံကြားလို့ လှည့်ကြည့်လိုက်တော့ စက်ဘီးကို ဒယိုးဒယိုင်စီးလာတဲ့ Maeda Riku..

လမ်းလျှောက်နေတဲ့ Daeyoung ဘေးကို စက်ဘီးပုလေးစီးပြီး ဖြည်းဖြည်းချင်းနင်းလိုက်လာတယ်။ဒီငနဲက အိမ်နီးတယ်ဆိုပြီး ကျောင်းအတူတူသွားဖို့ပြောပေမယ့် Daeyoung က မသိချင်ယောင်ဆောင်ပြီး စောစောထွက်လာခဲ့တာ။ဒါပေမယ့် ဖရိုဖရဲကျောင်းဝတ်စုံနဲ့ Daeyoung ကို အမှီလိုက်လာခဲ့ပုံက ဩချစရာပင်။

"ဂျပိုးကောင် မနေ့ကဆရာအိမ်စာပေးလိုက်တာ ပြီးပြီလား"

"ပြီးပြီ"

Rikuက စက်ဘီးကို ဖြည်းဖြည်းလေးနင်းနေတုန်း။စက်ဘီးဟာ‌ဖြည်းဖြည်းချင်းနင်းရင် ဟန်ချက်မကိုက်ဘဲ လက်ကိုင်က ယိုင်ယိုင်သွားတတ်တယ်။ယိုင်တိယိုင်တိုင်လက်ကိုင်က Daeyoung ခြေထောက်ကို ခနခနလာတိုက်တာမို့ Daeyoung က လမ်းလျှောက်ရင်းဘဲ လက်တစ်ဖက်နဲ့ စက်ဘီးလက်ကိုင်ကို ထိန်းထားပေးလိုက်တယ်။Rikuက တစ်ချက်ပြုံးလိုက်တယ်။

စက်ဘီးမစီးတတ်ဘဲ စက်ဘီးကို ကျောင်းယူလာကတည်းက Rikuဟာ ဘယ်လိုလူမျိုးလဲဆိုတာ Daeyoung မတွေးတတ်တော့ဘူး။သူငယ်ချင်းတွေက စက်ဘီးမစီးတတ်ဘဲယူလာလို့ လှောင်တော့ Maeda တစ်ယောက် ပြန်ပြောလိုက်တာက
"စက်ဘီးကိုချစ်လို့ဝယ်တာ စီးဖို့ဝယ်တာမဟုတ်ဘူး"တဲ့။

အခုလဲ စက်ဘီးစီးတယ်သာပြောတာ လက်ကိုင်ကို တည့်အောင်မကိုင်တတ်ပဲ ဒယိုးဒယိုင်နဲ့။

"လက်ကိုင်မနိုင်ဘဲ ဘာလို့စက်ဘီးစီးနေသေးလဲ"

"ငါ‌ဖြည်းဖြည်းလေး နင်းနေရလို့ပါကွ မင်းကလဲ",

အဲ့တာများ မြန်မြန်နင်းသွားပါလားလို့ Daeyoung က ပြောလို့ရရဲ့နဲ့ မပြောခဲ့ဘူး။လက်ကိုင်ကိုပဲ ဆက်ထိန်းထားပေးလိုက်တယ်။

SILENCEWhere stories live. Discover now