(၁၅)
ဖူကူအီမှာ နှစ်ပတ်လောက်နေပြီး Rikuနဲ့Daeyoung တို့ အိုဆာကာကို ပြန်လာခဲ့ကြတယ်။ကြာကြာမနေတဲ့အကြောင်းအရင်းကတော့ ရက်ကွပ်ထဲကအဒေါ်ကြီးတွေကြောင့်ရော Daeyoung မိခင် ရိပ်မိသွားမှာစိုးတာကြောင့်ရော အစောပြန်လာခဲ့ကြတာပါ။
"Kim Daeyoung မင်းအမေသိရင် ဘယ်လိုလုပ်မှာလဲ"
ရှုခင်းအမျိူးမျိုးကို အလျှင်အမြန် ဖြတ်ကျော်လာတဲ့ ရထားပေါ်မှာ Rikuက မုန့်စားရင်း ပုံမှန်လေသံနဲ့မေးတယ်။
"အမေက သဘောကောင်းပါတယ် လက်ခံပေးလိမ့်မယ်"
"ဟွန့် မင်းအမေက ငါ့အပေါ် သဘောမကောင်းရင်ရော"
ခရမ်ပါတဲ့ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ပြီး အရင်ကလို နှာခေါင်းလေးရှုံ့လို့ အလိုမကျတဲ့ပုံစံလုပ်ပြတယ်။
"အဲ့ကျ ငါက မင်းအပေါ်သဘောကောင်းပေးမယ်လေ သဘောကောင်းစွာနဲ့ ချစ်ပေးမယ်လေ"
Daeyoung က Rikuနှာခေါင်းကို လက်နဲ့ညှစ်ပြီး ပြောလိုက်တော့မှ "ပြီးရော" ဆိုတဲ့ပုံစံနဲ့ မုန့်ကို ဆက်စားနေတော့တာပဲ။
အိုဆာကာကိုပြန်ရောက်တော့ ကျောင်းတွေမဖွင့်သေးတာမို့ နှစ်ယောက်လုံးက လေလွင့်နေတဲ့ အချစ်ငှက်နှစ်ကောင်လို။
နေထွက်လာတာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နိုးထရတယ်။Rikuမထခင် မနက်စာပြင်ဆင်ပေးတတ်တဲ့ ကိုရီးယားက Rikuတစ်ယောက်တည်းရဲ့ စပရှယ် စာဖိုးမှူးလေးကရှိနေသေးတယ်လေ။
"Kim Daeyoung အခုတစ်ပတ် animation အသစ်ထွက်မှာတဲ့ ဒါပေမယ့် အဲ့ဒါက ငါစာအုပ်ဖတ်ပြီးသားကြီး ပြောရရင် အဲ့ရဲ့endingက"
"ရားးးးး"
Daeyoungရဲ့အသံကျယ်ကျယ်ကို ကြားတော့ Rikuက တူကိုကိုက်ပြီး သဘောတကျ ရယ်တော့တာပဲ။Kimမျိုးရိုးက အဲ့လို ဇာတ်လမ်းအကြောင်းကြိုပြောရင် သေလောက်အောင် မုန်းတာလေ။ဇာတ်သိမ်းကို ကြိုပြောတော့မယ်ဆို အဲ့လိုအသံကျယ်ကျယ်နဲ့အော်ပြီး ဆက်မပြောနိုင်အောင် ပါးစပ်ကို အတင်းလိုက်ပိတ်တော့တာပဲ။
အခုအခြေအနေကတော့ Rikuက မနေ့ညက Daeyoung မပါဘဲ အရက်တွေသောက်လာတယ်။မူးမူးရူးရူးနဲ့လမ်းပေါ်ပတ်ပြေးအော်နေလို့ Kim Daeyoung တစ်ယောက် ရှက်ရှက်နဲ့မြို့ထဲထိ လိုက်ဆွဲခေါ်ခဲ့ရတာလေ။အဲ့ဒါကို မကျေနပ်လို့ မနက်မိုးလင်းတော့ Rikuအတွက် မနက်စာမရှိဘူး။ခေါက်ဆွဲဗူးကို ဒီအတိုင်းရေနွေးဖျောစားနေတဲ့ Rikuကို Daeyoung တစ်ယောက် ဂရုမစိုက်ဘဲ ဝရံတာက အပင်ကို ရေလောင်းနေတယ်လေ။