💌 (4)

57 10 11
                                    

(၄)

"မြို့ထဲက ဂိမ်းဆိုင်က ကျောင်းသားတွေကိုဝင်ခွင့်မပြုတော့ဘူးတဲ့ မင်းသိလား။ မမိုက်လိုက်တာ ငါကတော့ မနက်ဖြန်ကျ သွားဆော့မှာပဲ မင်းရော လိုက်မလား"

စနေနေ့။ပုံမှန်အေးဆေးနားတတ်တဲ့ Daeyoung ဟာ အခုတော့ နားဒုက္ခခံနေရပြီ။ခြံစည်းရိုးပေါ်ကနေ ကျော်ကြည့်ပြီး ခြံထဲက အုတ်ခုံပေါ်ထိုင်နေတဲ့ Daeyoung ကို လှမ်းအော်ပြောနေတဲ့ Rikuပါတဲ့။အထက်တန်းရောက်နေတဲ့ Maedaဟာ စာလုပ်ဖို့ထက် ဂိမ်းကစားဖို့ကို အားသာနေပုံက Daeyoung တစ်ယောက် အံ့ဩမှင်သက်လျှက်။အလယ်တန်းကနေ ခင်လာခဲ့တဲ့ ၂နှစ်တာကာလပတ်လုံး Daeyoung က Rikuကို နိုင်တယ်ဆိုတာ တစ်ရက်လေးမှမရှိခဲ့ဘူး။

"ငါမလိုက်ဘူး"

တိုတိုတုတ်တုတ် အဖြေပေးပြီး ဘေးနားချထားတဲ့ ဂျပန်ဝေါဟာရ စာအုပ်ကို ကောက်ဖတ်လိုက်တယ်။Rikuဆီက "ဟွန့်" ဆိုတဲ့အသံပြီးတော့ ဘာမှထပ်မကြားရတော့ဘူး။

"သား"

"ဗျာ အမေ"

"ဟိုဘက်အိမ်ကကောင်လေးနဲ့လျှောက်လည်ဖို့လား"

အိမ်ထဲက ထွက်လာတဲ့ Daeyoung အမေက ကြော့ရှင်းတဲ့ ဟန်ပန်နဲ့ Daeyoung ဘေးနား အသာဝင်ထိုင်တယ်။

"မလည်ပါဘူး"

တိုတိုတုတ်တုတ် Daeyoung ရဲ့ အငြင်းစကားကြောင့် Daeyoung ရဲ့အမေဖြစ်သူက Daeyoung ရဲ့ဆံပင်လေးတွေကို သပ်‌ေပးပြီး ပြောတယ်။

"သူငယ်ချင်းနဲ့လည်ချင်ရင် လည်ချင်ရင် လည်ချည်လေ သူလဲ ပျင်းနေတယ်ထင်ပါတယ် မေ့သားလေးကို နေရာအစုံလိုက်ပြပေးဖို့ သူငယ်ချင်းလို့တော့ အမေထင်ပါတယ်"

Daeyoung က မသွားပါဘူး တွင်တွင်ငြင်းပေမယ့် နောက်နေ့မနက်မှာ Rikuတစ်ယောက် Daeyoung တို့အိမ်ထဲကို ရောက်နှင့်နေပြီ။အိပ်ယာထပြီးအခန်းထဲက ထွက်ထွက်လာချင်း ထမင်းစားစားပွဲမှာ နွားနို့ခွက်ကိုသောက်နေတဲ့ ငနဲကို Daeyoung မှုန်ကုတ်ကုတ်ကြည့်လိုက်တယ်။

"သား နိုးပြီလား ဒီမှာ Riku က ‌အလည်သွားဖို့ စောင့်နေတာ"

Daeyoung အမေဖြစ်သူက မီးဖိုချောင်အခန်းကျဉ်းလေးထဲမှာ အေပရွန်ပန်းရောင်လေးဝတ်ပြီး ဟင်းချက်ရင်း လှမ်းပြောတယ်။

SILENCEWhere stories live. Discover now