💌(11) - zawgyi

28 3 0
                                    

(၁၁)

"မင်းက ဒို့စကားကို ဘယ်တုန်းကနားထောင်ဖူးလဲ ပြောပါအုံး
အခုလဲ ဒို့ကို မင်းအခန်းလာမနေခိုင်းလို့ ဒို့အိမ်မှာလာနေဖို့ပြောတာကို ဘာတွေဒီလောက်ရေးကြီးခွင်ကျယ် ငြင်းနေရတာလဲ"

Rikuကျောင်းကပြန်လာတော့ ဘေးအခန်းက အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံတွေကြားရတယ်။အရင်က အဖေနဲ့အမေနဲ့ရန်ဖြစ်ရင် အိမ်ပြင်ထွက်နေတတ်တဲ့ Rikuက အခုတစ်ခေါက်တော့ ကျောင်းကဝယ်လာတဲ့‌အာလူးကြော်ကို လွယ်အိတ်ထဲက‌ထုတ်ပြီး အိပ်ယာပေါ်မှာ ဇိမ်နဲ့ထိုင်စားလိုက်တယ်။ဒီရန်ပွဲဟာ မမြင်ရပေမယ့် ကြည့်လို့လှတယ်။

"ဒို့ကို ရှိတယ်လို့ရော ထင်ရဲ့လား မင်းရဲ့မထိတထိအပြု‌အမူတွေကြောင့် ဒို့ကို တကယ်ချစ်ရဲ့လား သံသယဝင်မိတယ် အဲ့သီချင်းစာရွက်ကို ကြည့်မနေပဲ ပြောတာကို အဖက်လုပ်အုံး"

Rikuက အာလူးကြော်စားရင်း အာခေါင်ခြောက်လာတာမို့ ရေတစ်ဗူးဖောက်ပြီးသောက်လိုက်တယ်။တစ်ဖက်အခန်းမှာတော့ စာရွက်စုတ်ဖြဲသံတွေကို ကြားလိုက်ရတယ်။ပစ္စည်းလွှင့်ပစ်သံဟာ တစ်ပြိုင်နက်ထွက်ပေါ်လာတယ်။

"ကျွန်တော့်ဘက်က ‌ရှည်ရှည်ဝေးဝေးမပြောချင်တာမို့ ကျေနပ်ရင်နေ မကျေနပ်ရင်ထွက်သွား ဆွဲထားမှတည်မြဲမယ့်ဆက်ဆံရေးကို ကျွန်တော်မလိုချင်ဘူး"

အရင်လိုချိုမြိန်လွန်းတဲ့ Daeyoung အသံဟာ ဩဇာအာဏာအပြည့်နဲ့ ကြောက်စရာအတိ။ဟိုတစ်ချိန်က Rikuက သူ့ကို အဆိုးဆုံးစကားတွေပြောခဲ့တာတောင် "ဘာလို့လဲ" ဆိုပြီး အသနားခံမေးခဲ့တာဟာ သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ငဲ့လို့လား။

"ကောင်းပြီ မင်းအဖေမျက်နှာကြောင့်သည်းခံခဲ့ပေမယ့် အခုတော့ ဒို့ထွက်သွားမယ် မင်းလို တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူနဲ့ကိုက်ညီတဲ့အမျိုးသမီးကို ရှာတွေ့ဖို့ဆုတောင်းတယ်"

မှားနေပြီ လေဒီ။Daeyoungက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့စကားနဲ့ မလိုက်ဖက်ဆုံးလူသားပါ။ဘယ်လောက်တောင်မှ Riku ကို ဂရုစိုက်ပေးလိုက်လဲ ဘယ်လောက်တောင်မှ Riku အရိပ်အခြေကိုကြည့်နေလိုက်လဲ။

SILENCEWhere stories live. Discover now