(၇)
Daeyoung က အမှန်တကယ်ပဲ အထက်တန်းစာမေးပွဲပြီးတော့ ကိုရီးယားကို အမေနဲ့အတူပြန်ခဲ့တယ်။ဘူတာထိလိုက်ပို့ခဲ့တဲ့ Rikuက Daeyoung ကို မြန်မြန်ပြန်ခဲ့ဖို့ မှာတယ်။လက်ဆောင် ဘာညာမလိုပဲ သူလိုချင်တာ Daeyoung မြန်မြန်ပြန်ခဲ့ဖို့ပါလို့ပြောတော့ Daeyoung အမေက ရယ်ပြီး Rikuခေါင်းလေးကို ပုတ်ပေးတယ်။
ဒီတစ်ခါ ရထားဥဩသံကြားတော့ Rikuဟာ ဝမ်းပန်းတသာ မအော်တော့ဘူး။
ကိုရီးယားကိုပြန်ရောက်လာတယ်။အလယ်တန်းကတည်းက ခွဲခွာခဲ့ရတဲ့ ကိုရီးယားဟာ ၅နှစ်အတွင်းမှာ အများကြီး တိုးတက်လာခဲ့တယ်။ကားတွေလဲများလာပြီး နေရာတိုင်း ပရိုဂျက်တာ အကြီးကြီးနဲ့ ကပြဖျော်ဖြေမှုတွေကို ပြထားတယ်။Daeyoungအဖွားအိမ်ကတော့ အရင်အတိုင်းပဲ။
"Aigoo ငါ့မြေးလေးတောင် အရပ်ရှည်လို့ ထွားလာပြီပဲ လူကြီးဖြစ်နေပြီ လူကြီး"
ဆံပင်တွေဖြူနေပြီဖြစ်တဲ့အဖွားက မြေးဖြစ်သူကို လှိုင်နေအောင်ကြိုဆိုပေမယ့် သမီးဖြစ်သူကိုတော့ တစ်ချက်တောင်မကြည့်ခဲ့ဘူး။လူမျိုးခြား ဂျပန်အရာရှိနဲ့ လက်ထပ်ပြီး ဂျပန်ကို ပြောင်းရွေ့သွားကတည်းက သမီးကို အမွေပြတ်စွန့်လွတ်ပြီး မြေးကိုပဲ အမွေတွေပေးထားတာဟာ အသက်၈၀ကျော်အဖွားကြီးရဲ့ မာနလို့ပြောရမလား။
"မြေး စာမေးပွဲဖြေနိုင်ခဲ့ရဲ့လား"
"ဟုတ် ကျွန်တော်ဖြေနိုင်ခဲ့ပါတယ်"
"ငါ့မြေးအသံလေးက မင်းအဖေလိုပဲချိုမြိန်နေတာပဲ"
အဖေဆိုတဲ့အသံကြားတော့ Daeyoung အမေရဲ့မျက်နှာပျက်သွားတယ်။တည်ကြည်ပြီး သမာဓိဖြောင့်မတ်တဲ့ ရှေ့နေသမက်ဟာ အစောကြီး သေသွားရမလားဆိုပြီး ယောက္ခဖြစ်သူ Daeyoung အဖွားက အရမ်းနှမြောခဲ့တာမို့လား။အခုလဲ Daeyoung ကိုကြည့်ပြီး သူ့သားမက်ကိုသတိရသလို မျက်ရည်တွေဝဲတက်လာခဲ့တယ်။
"တက္ကသိုလ်ရော ဘယ်မှာတက်မှာလဲ ကိုရီးယားကို တခါတည်းလာတက်လာပါတော့လား ဒီအဖွားက ကျောင်းထားပေးနိုင်ပါတယ်"
ဧည့်ခန်းက ဆိုဖာပေါ် Daeyoung ကို ထိုင်စေပြီး ရေတစ်ခွက်ငှဲ့တိုက်တယ်။