(၁၃)
အခက်ခဲဆုံးမှာ အတူတူရှိနေသူဟာ ဘဝရဲ့အကောင်းဆုံးသော အဖော်မွန်တဲ့။ဒါပေမယ့် Rikuဘဝရဲ့ အခက်အခဲဆုံးအချိန်တိုင်းမှာ ဘယ်သူမှ အနားမှာ ရှိမနေပေးဘူး။Rikuအဖေရော အမေရော ညီမလေးရော ဘယ်သူကမှ Rikuအတွက် ဝိုင်းမခံစားပေးခဲ့ကြဘူး။
အထက်တန်းစာမေးပွဲပြီးလို့ Daeyoung ကိုရီးယားပြန်သွားတဲ့အချိန်ဟာ Riku ရဲ့တစ်ဘဝလုံးစာအတွက် အခက်ခဲဆုံးဖြစ်ခဲ့တယ်။ဒါပေမယ့် Daeyoung က အနားမှာမရှိခဲ့ဘူး။
အဲ့နေ့က Daeyoung တို့သားအမိကို ဘူတာရုံမှာတင် လမ်းခွဲပြီး ပြန်လာခဲ့တဲ့နေ့။ Daeyoung က ရထားပေါ်မတက်ခင် Rikuလက်ကို အမြတ်တနိုးကိုင်သွားတဲ့ အကြောင်း တွေးရင်း ပတ်ဝန်းကျင်ကို မေ့နေခဲ့တဲ့နေ့ပေါ့။
Rikuတစ်ယောက် အရှေ့ခြံတံခါးကို ဖွင့်ဝင်ချိန်မှာ ခန္ဓာကိုယ်ဟာ အေးစက်တောင့်တင်းသွားခဲ့တယ်။ကြားရက်တွေမှာ ပြန်မလာတတ်တဲ့ Rikuအဖေက အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်ပြီး အရက်တွေသောက်နေခဲ့တယ်။Rikuအမေက အိမ်ထဲမှာ စိတ်ပျက်လက်ပျက် လက်မှိုင်ချလို့ထိုင်နေတယ်။Rikuညီမလေးက အိမ်မှာရှိမနေဘူး။ဒီအခြေအနေဟာ Rikuရင်းနှီးနေကျအခြေအနေပဲ ကြောက်စရာအကောင်းဆုံး အခြေအနေတစ်ခုပဲ။
"Maeda Riku မင်းဘယ်တွေသွားနေတာလဲ"
အာဏာသံပါတဲ့ Rikuအဖေရဲ့အသံကြောင့် အိမ်ထဲထိုင်နေတဲ့ Rikuအမေက အပြေးအလွှားလေး ထွက်လာပြီး Rikuအနားမှာ မက်တပ်လာရပ်တယ်။
"သူငယ်ချင်းကို ဘူတာရုံလိုက်ပို့ပြီး ပြန်လာတာပါ"
"သူငယ်ချင်းလား မင်းရဲ့လင်လား"
Rikuဟာ သွေးတွေပြောင်းပြန်စီးသွားလို့ နှလုံးသားထဲမှာ သွေးတွေမရှိတော့သလို လူသေကောင်လို စဉ်းစားနိုင်စွမ်းရော တုံ့ပြန်နိုင်စွမ်းရော ပျောက်ဆုံးသွားတယ်။
Rikuအဖေက အရက်ခွက်ထဲက အရက်တွေအကုန်သောက်ပြီး ခွက်ကို Rikuခြေထောက်နား ပစ်ပေါက်လိုက်တယ်။ခွက်အစတွေက Rikuခြေထောက်ကို လာစင်တယ်။Rikuအမေက Rikuရှေ့ကနေ ကာရပ်ပေးရှာတယ်။
"မင်းဖယ် ငါဒီကောင်ကို ဆုံးမမှရမယ် "
"သူက ကလေးပဲရှိပါသေးတယ် ဖေကြီးရယ် ကျွန်မဆုံးမထားပါ့မယ်"