💌 (9)

68 13 4
                                    

(၉)

၂၀၀၂ခုနစ်၊အိုဆာကာမြို့။

ဒီနေ့က ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်၊Rikuက အချိန်အပိုင်းအလုပ်ရှင်သူဌေးဆီက လစာထုတ်ပြီး သူဌေးကို နှုတ်ဆက်ပြီး ၂၄နာရီဆိုင်လေးထဲက ထွက်ခဲ့တယ်။Rikuက အချိန်ပိုင်း အလုပ်တွေအများကြီးလုပ်နေတဲ့အထဲက ဒီအလုပ်ဟာ Rikuအတွက် သက်သောင့်သက်သာအရှိဆုံးနဲ့ နေ့တိုင်းလုပ်ရတဲ့အလုပ်ပဲ။အိုဆာကာမှာ ၂၄နာရီ ကုန်ပစ္စည်းဆိုင်ဆိုတာမျိုးရှိတယ်။Rikuတို့ ဖူကူအီမှာတော့ အိမ်ဆိုင်လေးတွေရှိပြီး မြို့ထဲမှာတော့ စတိုးဆိုင်အကြီးကြီးတွေရှိတယ်။ဒါပေမယ့် အိုဆာကာမှာတော့ ၂၄နာရီစတိုးဆိုင်သေးသေးလေးရှိတယ်။Rikuက အဲ့မှာ မနက်ခင်းတစ်ပတ်၊ညခင်းတစ်ပတ် အချိန်ပိုင်းလုပ်ပြီး ကျောင်းတတ်တယ်။သူဌေးက ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့အမျိုးသမီးကြီးတစ်ယောက်ပါပဲ။သူဌေးက Rikuကို ချစ်လွန်းလို့ သူ့သမီးနဲ့ပေးစားတဲ့အထိပဲ။

အခုက ည၁၀နာရီထိုးပြီ။ညခင်းတာဝန်ဆိုပေမယ့် ဒီနေ့က လကုန်ရက်မို့ သူဌေးကစောစောပြန်လွှတ်လိုက်တာဖြစ်တယ်။လမ်းပေါ်မှာ လူတွေအများကြီး ဖြတ်လျှောက်နေကြတယ်။မီးပွိုင့်ကူးဖို့ ရပ်စောင့်နေတဲ့လူတွေဟာ အုံထပ်လို့။Rikuက အိုဆာကာရဲ့ တစ်ကိုယ်တော် တက္ကသိုလ်ကျောင်းသညးလေးတစ်ယောက်ပါ။Rikuမှာ စနေ၊တနင်္ဂနွေမှာ လုပ်ရတဲ့အလုပ်ရှိသေးတယ်။

Rikuအရမ်းမုန်းတဲ့ တရုတ်ဟေ့ပေါ့ဆိုင်မှာ ဟော့ပေါ့အိုးတွေကို ဆေးပေးရတယ်။အိုးမှာ မီးကျွမ်းရာတွေမရှိအောင် ပြောင်ဝင်းနေအောင် လက်ပြုတ်ထွက်မတက်ပွတ်တိုက်ရတယ်။နှစ်ရက်ထဲလုပ်ရတဲ့အလုပ်က နှစ်နှစ်လောက်နားရင်တောင် အမာပြေမှာမဟုတ်ဘူး။တရုတ်သူဌေးရဲ့ တရုတ်လို ဆူပူအော်ဟစ်သံတွေကြာင့် Rikuတစ်ယာက် ဟေ့ာပေါ့ဆိုင်ကို အမုန်းကြီးမုန်းနေပြီ။ဒါပေမယ့် လစာက ကောင်းတယ်။တရုတ်နှစ်သစ်ကူးလိုရက်မျိုးမှာ အံပေါင်းအများကြီး ရတတ်တာမို့ ပိုက်ဆံပိုစုဖြစ်တယ်။

လမ်းကူးဖို့စောင့်နေတဲ့ လူအုပ်ကြီးနဲ့ Rikuက လမ်းဖြတ်ကူးလိုက်တယ်။လူတိုင်းက စမတ်ဖုန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။Rikuက ရှိနေတဲ့ စမတ်ဖုန်းကိုတော့ ကြည့်ဖို့ မအားနိုင်ဘူး။

SILENCEWhere stories live. Discover now