💌 (2)

62 14 21
                                    

(၂)

အလယ်တန်းရဲ့ ကျောင်းဖွင့်ဖွင့်ချင်း တစ်ပတ်မှာ Daeyoung မှာ ထင်ထားတဲ့အတိုင်း သူငယ်ချင်းမရှိသေးဘူး။စာသင်ခန်းရဲ့ ထိုင်ခုံ rowသုံးခုမှာ Daeyoung က အလယ်rowရဲ့ အလယ် ခုံမှာထိုင်တယ်။ဂျပန်စာနဲ့အကျွမ်းဝင်ဖို့ စာအုပ်ထဲမှာပဲ ခေါင်းနစ်ထားတဲ့ Daeyoung ဘေးမှာ မျောက်တစ်ကောင်လို အငြိမ်မနေတဲ့ ကောင်လေးရှိတယ်။

Daeyoung အတွက် ဂျပန်နိုင်ငံက အမိနိုင်ငံမဟုတ်တာမို့ ဘာသာစကားရော အစားအသောက်ရောက ရောက်ကာစက အရမ်းခက်ခဲခဲ့တယ်။Daeyoungရဲ့မိခင်ဖြစ်သူက ကိုရီးယား-ဂျပန် နိုင်ငံရေးဆိုင်ရာ ဘာသာပြန် ဖြစ်ခဲ့သူမို့ Daeyoung ငယ်ငယ်က ဂျပန်စာသင်ထားခဲ့လို့ တော်သေးတယ်ပြောရမယ်။

ကျောင်းတက်ခါနီးတော့ Rikuရောက်လာပြီး Daeyoung ဘေးထိုင်တယ်။
ပြီးတော့ ဘယ်ဘက်Rowက Shinoဆိုတဲ့ကောင်လေးနဲ့ စကားလှမ်းပြောတယ်။

"ဟေ့ Maeda မနေ့က မင်း ကတ် ရှုံးတာ အကြွေးမဆပ်ရသေးဘူးနော်"

"ဟာ အချင်းချင်းတွေပဲ ဒီတစ်ခါတော့ လျှော်လိုက်တော့"

Rikuက Daeyoung ဘက် ခေါင်းစောင်းပြီး စာသင်ခုံပေါ်မှောက်အိပ်ရင်း ‌တစ်ဖက်ကောင်လေးကို ပြန်ပြောတယ်။

"ပြီးတော့ မင်းမွေးနေ့ ဘာကျွေးမှာလဲ"

Daeyoung က မျက်မှန်တစ်ချက်ပင့်တင်လိုက်တော့ Rikuက Daeyoung ကို ကြည့်တယ်။

"တစ်ခုခုတော့ ကျွေးမှာပေါ့"

"မနှစ်ကလို ပီကေတစ်ယောက်တစ်ခုတော့ ဝယ်မကျွေးနဲ့ကွာ အမေက ပီကေမစားခိုင်းဘူး ပါးတွေပိန်ကုန်မှာစိုးလို့တဲ့"

Daeyoung က ကိုယ်နဲ့မဆိုင်ပေမယ့် နည်းနည်းရယ်ချင်မိသွားတယ်။

"ဒီနှစ်တော့ ချိုချဉ်ကျွေးမယ် ချိုချိုလေး"

ရယ်ကျဲကျဲပြောပြီး Rikuက နဖူးပေါ်မှာ တစ်မျှင်ထဲ ဝဲကျနေတဲ့ Daeyoung ရဲ့ ဆံပင်ကို လက်နဲ့အသာလေးဖယ်ပေးလိုက်တယ်။

ဟိုတစ်ခါ ဆံပင်ကို ကြက်တောင်စည်း အစီးခံရကတည်းက Daeyoung က သူ့ဆံပင်ရှည်တွေကို အနောက်ကို ဂျယ်နဲ့လှန်တင်ထားတယ်။ဂျယ်ကြောင့်ပိပြားသေသပ်နေတဲ့ဆံပင်ကေနဲ့ မျက်မှန်ဝိုင်းကြောင့် Kim Daeyoung တစ်ယောက် အလယ်တန်းမှာ နာမည်ကြီးသွားသေးတယ်။

SILENCEWhere stories live. Discover now