(၁၂)
Daeyoung တစ်ယောက် သာယာနေတဲ့ကောင်းကင်ကိုကြည့်ပြီး စိတ်မသာမယာဖြစ်နေရတယ်။အဲ့ဒီ Maedaက စကားအေးဆေးပြောဖို့ အခွင့်အရေးမပေးခဲ့ဘူး။မီးလုံးအကြောင်းပြပြီး စကားရှာရင်လဲ "မီးလုံးပိတ်ပေး" ဆိုတဲ့အကြောင်းအရာတစ်ခုထဲကိုပဲပြောတယ်။အထက်တန်းတုန်းက စကားများတဲ့ Maedaဟာ ဘယ်ဆီကို ထွက်ပြေးသွားတာပါလိမ့်။
"အော် ကျောင်းသားDaeyoung ရောက်နှင့်နေပြီလား"
ကျောင်းဆောင်ရှေ့ရပ်စောင့်နေတဲ့ Daeyoung ကို အထဲဝင်ဖို့ ပါမောက္ခက အချက်ပြတယ်။
"မင်းကို ဆရာ့ရဲ့ သမီးအတွက် ကိုရီးယားဘာသာစကားဂိုက်ဆရာအဖြစ် ခန့်ထားချင်တယ်"
"အားနာပေမယ့် ကျွန်တော် အသေးစိတ်သိလို့ရမလားဗျ"
ပါမောက္ခက ကော်ဖီထုတ်ကိုဖောက်ဖျော်ရင်း Daeyoung မေးခွန်းကိုတုံ့ပြန်တယ်။
"ဒီလို ဆရာ့သမီးက ကိုရီးယားမှာအခြေချချင်တယ် ပူဆာနေတာ ဘာသာစကားတစ်ခုသင်ဖို့ဆိုတာ native speaker လောက် ဘယ်သူက ကောင်းကောင်းသင်နိုင်မလဲကွ ဟုတ်တယ်မို့လား"
Daeyoung လဲ စားပွဲခုံပေါ်က ကော်ဖီတစ်ငုံ့သောက်ရင်း ပါမောက္ခစကားကြောင့် အတွေးဝင်သွားတယ်။
Native speaker လောက် ဘယ်သူက ကောင်းကောင်းသင်နိုင်မှာလဲတဲ့။
မှန်ပါတယ်။ဂျပန်စစရောက်ချင်းက Daeyoung ရဲ့ ဂျပန်ဘာသာစကားက ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် လိုအပ်နေတုန်း။စကားများတဲ့ ဂျပန်နိုင်ငံသားလေးကြောင့် နားရေဝပြီး ပိုပြီးကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ခဲ့တာမို့လား။"သူက အင်ဂျင်နီယာမေဂျာကပဲ ညနေပိုင်း မောင်ရင်အားရင် ဆရာလိုက်ပြီး မိတ်ဆက်ပေးပါ့မယ်"
"ဟုတ်ကဲ့ဗျ"
Daeyoung က ဘယ်လိုပဲပိုက်ဆံရှိတဲ့ကလေးဖြစ်ပါစေအုံး အဲ့ပိုက်ဆံတွေက Daeyoung ပိုင်တာလဲ မဟုတ်ဘူး။Daeyoungအမေပိုင်တာလဲမဟုတ်ဘူး။သွေးမတော်သားမစပ်တဲ့ Daeyoung အမေရဲ့ခင်ပွန်းသည်ပိုက်ဆံတွေမို့လား။ကိုယ်ပိုင်အလုပ်ရှာဖို့ ခနခနစဉ်းစားဖူးပေမယ့် လက်တွေ့မကြိုးစားကြည့်မိဘူး။Rikuလို အချိန်ပိုင်းတွေလိုက်လုပ်ဖို့က Daeyoung အတွက် အရမ်းခက်ခဲတယ်။သူစိမ်းတွေနဲ့မဆက်ဆံတတ်တဲ့ အကျင့်ကြောင့် အလုပ်ရဖို့ခက်ခဲခဲ့တယ်။အခုတော့ ကျွမ်းကျင်ရာနဲ့ ပိုက်စံစုနိုင်တော့မှာမို့ Daeyoung က ကျေနပ်မိသွားတယ်။