💌(19)-2

29 8 8
                                    

(၁၉)

Daeyoung 's pov

ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့

ဂျပန်-ကိုရီးယား ဖက်စပ်ကုမ္ပဏီတစ်ခုရဲ့ translator တစ်ယောက်တစ်ဖြစ်လဲ ထိုကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးမန်ဘာတစ်ယောက်ဖြစ်တဲ့ Kim Daeyoung တစ်ယာက် တိုးလာတဲ့ပါဝါမျက်မှန်ကြီးကို ပင့်တင်ပြီး စာရွက်စာတမ်းတွေကြားထဲ ခေါင်းမြှပ်နေတယ်။
ခနကြာတော့ ရုံးဖုန်းမဟုတ်ဘဲ ကိုယ်ပိုင်လက်ကိုင်ဖုန်းလေးက မြည်လာတယ်။

"ဟယ်လို အမေ"

"သား မနက်ဖြန်အမေ့မွေးနေ့လာမယ်မို့လား"

"ကျွန်တော်အခုရက်ပိုင်းအလုပ်ရှုပ်နေလို့ နောက်ကျမှ လာဖြစ်မယ်ထင်တယ် "

"အယ် ရတယ် ရတယ် ငါ့သားလေးပြန်လာရင်ပြီးရော နောက်ကျလဲ ကိစ္စမရှိဘူး Riku ကတော့ ရောက်နှင့်နေပြီ ကလေးက အခုသားအခန်းထဲမှာ အနားယူနေတယ်"

မျက်မှန်အောက်က မျက်ဝန်းတစ်စုံမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတယ်။

"ဟုတ် ကျွန်တော် တတ်နိုင်သမျှ အမြန်ပြန်လာခဲ့ပါ့မယ်"

ဖုန်းခေါ်ဆိုမှုပြီးတာနဲ့ အချိန်ဇယားကိုစစ်ပြီး ဖျက်သင့်တာကို ဖျက်လိုက်တယ်။

"အကို မနက်ဖြန်အစည်းအဝေးက အရေးကြီးလို့ ဖျက်လို့မရဘူး "

"ယောလေးပဲ ကိုယ်စားသွားပေးလို့မရဘူးလား အကိုအခုအလျင်စလိုဖြစ်နေလို့"

"မရ မရနော် ဟိုတစ်နှစ်ကလဲ အလောတကောပြန်သွားလို့ ယောလေးဘယ်လောက်တောင် ကြိုးစားဖြေရှင်းလိုက်ရလဲ တစ်ခါပဲရမယ် နှစ်ခါမရဘူး"

နှုတ်ခမ်းကို စူပုတ်လို့ ရနါထောင်နေတဲ့ ယောလေးဆိုတဲ့ကလေးမ ခေါင်းကို ခပ်ဖွဖွပုတ်လို့ ရယ်လိုက်တယ်။

"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုး အစည်းအဝေးကို ရအောင်သွားပါ့မယ်"

"အမလေး မိန်းမအတ‌ွက် စိန်နားကတ် အမေ့အတွက် ပဲကြီးလှော် ဆိုတာမျိုးဖြစ်နေပြီ အမေ့ကို လွမ်းတာနည်းနည်း မိန်းမကို လွမ်းတာများများ"

အပြေးလေးထွက်သွားတဲ့ Kim Daeyoung ကြားအောင် ယောလေးက အော်ပြီး ပြောလိုက်တယ်။

SILENCEWhere stories live. Discover now