(၁၉)
"ဘာလဲ အိပ်စရာမရှိရင် မင်းနဲ့အတူအိပ်ခိုင်းမလို့လား"
Rikuက ပြောလဲပြောရင်း Daeyoung မျက်နှာနဲ့အနီးကပ်ထိရောက်အောင် ခန္ဓာကိုယ်ကိုနှိမ့်ချလိုက်တယ်။ဒီMaedaက Kim Daeyoung ရဲ့သမာဓိကို လာစမ်းနေတာပဲ။
"မင်းသာဆန္ဒရှိရင်.."
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး Rikuက ရုတ်တရက်ကြီး ထရပ်တယ်။
"ငါအဆင်ပြေပြီး အိပ်တော့မှာမို့ မင်းပြန်တော့ ပေး ငါ့အိတ်"
Daeyoung မျက်ခုံးတွေက တွန့်သွားတယ်။မြင်လား ထပ်ပြီး နှင်ပြန်ပြီ။
"အိုဆာကာမှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်တဲ့ မင်းသွားမှာလား"
"အင်း သွားရမှာပေါ့"
"ငါတို့အတူသွားမလား"
"ဟင့်အင်း"
ဒီMaedaကတော့လေ မတွေ့ရတဲ့နှစ်တွေမှာ ငြင်းတဲ့စကားကိုပဲ လေ့ကျင့်ခဲ့တာလား မသိပါဘူး။Daeyoungလဲ ခေါင်းညိမ့်ပြီးပဲ အိမ်ပြန်ခဲ့လိုက်တော့တယ်။သက်ပြင်းချသံတွေကတော့ အိမ်ထဲရော အိမ်ပြင်ရော ပျံ့နှံ့လို့။
နောက်တစ်နေ့မနက်မှာ Rikuက ကတိအတိုင်း Daeyoung အိမ်မှာ မနက်စာသွားစားရတယ်။မစားရင်လဲ Kim Daeyoung တစ်ယောက် သူ့ဆီ ဆိုက်ဆျုက်မြိုက်မြိုက် ထပ်ရောက်လာမှဖြင့် ခုန်နေတဲ့နှလုံးသားကို သိသွားရင် ခက်ရချည်။
"သား အစောကြီးပါလား အမေတောင် အခုမှထမင်းကျက်တယ်"
အစောကြီးလာဖို့က Riku ရဲ့ ပလန်အေပဲလေ။ဒါမှ Daeyoung နဲ့ မျက်နှာချင်းဆိုင်မတွေ့ဖြစ်မှာ။
"အမေ သားရဲ့သွားတိုက်တံရှိသေးလား"
ပလန်အေ ကျရှုံး။ဆရာသမားက ဘယ်အချိန်ကထတယ်မသိဘူး အခုလဲ ရေချိုးခန်းထဲကနေ ရေချိုးဝတ်တဘတ်တထည်ပဲ ပတ်ထားပြီး ထွက်လာတယ်။
"အရင်က သွားတိုက်တံကတော့မရှိတော့ဘူး ဟိုတစ်နေ့က Rikuတိုက်တဲ့သွားတိုင်တံတော့ရှိတယ် ရေချိုးခန်းထဲက စင်ပေါ်မှာ အပြာရောင်လေး"
Riku မျက်လုံးပြူးသွားမိတယ်။Daeyoungက သူတိုက်ထားပြီးသားသွားတိုက်တံနဲ့တိုက်မလို့တဲ့လား။အမေကလဲ မတားတဲ့အပြင်အကြံတောင်ပေးသေး။သားဖြစ်သူကလဲ ခေါင်းညိမ့်ပြီး ရေချိုးခန်းထဲ ပြန်ဝင်သွားတယ်။ဘုရားရေ ဒီအိမ်မှာ ဘာတွေဖြစ်နေတာလဲ။