(၁၆)
အဖြူရောင်ဖိတ်စာတစ်ရွက်
Kim Daeyoung နဲ့ Shin Yeo Wong(ယောလေး)
အလယ်မှာတော့ အသည်းပုံလေးနဲ့..ဖူကူအီမှာ အဲ့နေ့က တနင်္လာနေ့။Daeyoungနဲ့ Rikuတို့နှစ်ယောက် အိုဆာကာကနေ ဖူကူအီကို ပထမဆုံးပြန်လာခဲ့တုန်းက။ရက်ကွက်ထဲက အဒေါ်ကြီးတွေစကားကို လျစ်လျူရှုပြီး မီးရောင်အောက်မှာ ချစ်ခဲ့တုန်း အချိန်ကပေါ့။
"သား Daeyoung ရေ ထပါအုံး"
မနက်အစောကြီးပဲရှိအုံးမယ် Daeyoung တံခါးကို အမေဖြစ်သူက ခေါက်ပြီး နှိုးတယ်။
"မင်းအဖေက မနေ့ညက အမှုမပြီးသေးလို့ဆိုပြီး ပြန်မလာရဘူး အဲ့ဒါအခု ယူနီဖောင်းနဲ့ မနက်စာလေး သွားပေးပေးအုံး အိမ်ရှေ့က စက်ဘီးစီးရင်စီးသွား တစ်ယောက်ထဲ မသွားချင်ရင် Rikuကို ခေါ်သွားလေ"
အရာရှိကြီးက အခုရက်ပိုင်းအရမ်းအလုပ်ရှုပ်တယ်။ဖူကူအီမှာ လူသေမှုဖြစ်တယ်။အဲ့ဒါကို တာဝန်ယူဖြေရှင်းနေရတာနဲ့ပဲ Daeyoung နဲ့တောင် မျက်နှာချင်းဆိုင် မတွေ့ရသေးဘူး။
"Rikuကိုတော့ မနှိုးတော့ပါဘူး ကျွန်တော်တစ်ယောက်ထဲ သွားလိုက်ပါမယ်"
"အေး အေး မျက်နှာသစ်ပြီး ထွက်ခဲ့နော် အမေမီးဖိုချောင်မှာ ရှိမယ်"
"ဟုတ်"
Daeyoung လဲ မျက်နှာသစ်ပြီး အပြင်ထွက်ဖို့ အင်္ကျီလဲလိုက်တယ်။Rikuကတော့ ကုတင်ပေါ်မှာ အိပ်မောကျနေတုန်း။
မော်တော်ဆိုင်ကယ်တွေပေါ်နေပေမယ့် Daeyoung ကတော့ စက်ဘီးကိုပဲ စီးနေတုန်း။စက်ပစ္စည်းတွေထက် ကိုယ့်ခြေထောက်ကိုပဲ အားကိုးရတာက ပိုပြီး အန္တရာယ်ကင်းတယ်ထင်တာကြောင့်။
မနက်၈နာရီ။
အိပ်မှုန်စုပ်ဖွားနဲ့ Rikuတစ်ယောက် နိုးလာတယ်။Daeyoungအမေကတော့ ဧည့်ခန်းထဲက ကြိမ်ထိုင်ခုံပေါ်မှာ ချည်ထိုးနေတယ်။
"အော် သား နိုးလာပြီလား"
"ဟုတ် အမေ Daeyoung ရော"
"မင်းသူငယ်ချင်းကို သူ့အဖေစခန်းဆီ လွှတ်လိုက်တယ် ယူနီဖောင်းနဲ့ မနက်စာ သွားပေးခိုင်းလိုက်တာလေ"