Part 1

3K 166 19
                                    


သူ့ရဲ့ ကမ္ဘာလောကကြီးက အင်မတန်လှပေသည်။
ဝင်ငွေကောင်းသောအလုပ်ကလေးရှိသလို သူ့ဘေးမှာ တစ်ယောက်မဟုတ်တစ်ယောက်အမြဲရှိနေတဲ့ မိန်းမချောလေးတွေကလဲလှပနေတာချည်းပင်။
အခုလဲ သူ့မျက်စိရှေ့မှာ အရမ်းကိုလှတဲ့ကောင်မလေးတစ်ယောက်ရှိနေလေသည်၊
သူမနာမည်လား အင်းနာမည်တော့ သူသေချာမမှတ်မိ၊ မိတ်ဆက်တုန်းကပြောတာကတော့ ဒေစီလား၊ ရိုစီလား တစ်ခုခုတော့ဖြစ်ပေလိမ့်မည်။
ဒါပေမယ့် သူ့ပါးစပ်ဖျားထဲမှာတော့ ဘေဘီပဲ။

"ဘေဘီကလဲ လိမ္မာပါတယ်"

"ယူကလဲ မဆိုးနဲ့ကွာ"

ရှေ့မှကောင်မလေးရဲ့ပုခုံးပေါ်ကို သူလက်ဖို့အလုပ် ကောင်မလေးကဟန်ဆောင်ပန်ဆောင်လက်နဲ့အသာအယာတွန်းတယ်။

~ဘုန်း~

အားလား နာတယ်ဟ။

အမြင့်တစ်နေရာမှပြုတ်ကျသွားသည့်ခံစားချက်ကြောင့် သူ့မျက်လုံးတွေဖွင့်ကြည့်မိတော့ သူရောက်နေတာက ခုနက သူနဲ့ကောင်မလေးတို့အီစကလီရိုက်နေတဲ့ဘားမှာမဟုတ်ပဲ အိပ်ခန်းတစ်ခန်းရဲ့ကြမ်းပြင်ပေါ်မှာ။

ပိုပြီးတိတိကျကျပြောရရင် သူရောက်နေတာက သူ့အိပ်ခန်းလုံးဝဟုတ်မနေတာပဲ၊ သူဘယ်ရောက်နေတာလဲ။

"နိုးလာပြီလား"

နားထဲကိုဝင်လာတဲ့ယောကျာ်းသံတစ်ခုကြောင့် အသံလာရာကိုလှည့်ကြည့်မိတော့ ရေချိုးခန်းဖြစ်ပုံရတဲ့အခန်းရှေ့မှာ သဘက်တစ်ထည်ခါးမှာပတ်ပြီး ယောကျာ်းတစ်ယောက်။

သောက်ကျိုးနည်း သူညက ယောကျာ်းတစ်ယောက်နဲ့အိပ်ခဲ့တာတော့မဟုတ်ဘူးမှတ်လား။
အဲဒီလိုမထင်ချင်ပေမယ့် သူ့ခန္တာကိုယ်ပေါ်မှာ အဝတ်နဲ့တူတာဆိုလို့ အောက်ပိုင်းမှာဝတ်ထားတဲ့ boxer တစ်ထည်သာရှိနေပြီး ရေချိုးခန်းဝက ယောာကျာ်းရဲ့လည်ပင်းမှာလဲ hickey ရာတွေပွထလို့
ပြီးတော့ သူရောက်နေတာလဲ သူ့အခန်းမဟုတ်ပေ

လောကကြီးက သူအနှစ် ၂၀ ကျော်လောက်ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့လို့များ ဒဏ်ပြန်ခတ်တာလား

ကြိုက်တဲ့သူနဲ့ကြိုက်သလိုဖြစ်လို့ရသေးတယ် ယောကျာ်းတစ်ယောက်နဲ့တော့ဖြစ်လို့မရဘူးလေ၊ သူက အဖြောင့်စစ်စစ်ကြီးဟ

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now