Part 17
မိုးရာသီကစပြီမို့ သွားရေးလာရေးကအရင်လောကအဆင်ပြေချောမွေ့မနေတော့ချေ။ ကိုယ်ပိုင်ကားမရှိတဲ့ သူ့လိုလူမျိုးတွေအတွက်ပိုဆိုးသည်။ မြေအောက်ရထားတို့၊ မိုးပေါ်ရထားတို့ရှိပေမယ့်လည်း အဲဒီကိုသွားဖို့က လမ်းလျှောက်ရသေးသည်လေ။
ထီးဆောင်ရတာမကြိုက်တဲ့သူ့အတွက် ထီးဆောင်းပြီးသွားလာရတဲ့ တကယ့်ကိုဒုက္ခတစ်မျိုးပဲ။ အဲဒီအပြင် သူကထီးကိုလဲလုံအောင်မဆောင်းတတ်သူမို့ အမြဲလိုလို သူ့အဝတ်အစားတွေစိုရွှဲသွားတတ်လေသည်။
အခုလဲရုံးရောက်တော့ အကျီအကျီတွေက တော်တော်များများစိုနေပြီးပြီ။ မိုးရာသီဆို အဲဒီလိုဖြစ်လေ့ရှိတာမို့ ရုံးမှာအကျီအပိုတစ်ထည်ဆောင်ထားရသည်။
ဒီနေ့လဲ မနက်ခင်းစောစော မိုးမိလာတာမို့ ချမ်းစိမ့်စိမ့်ဖြစ်နေရကာ ရုံးရောက်မှ အကျီမြန်မြန်လဲရမည်ဆိုပြီး ရုံးခန်းကို အပြေးလာခဲ့ရသည်။
ရုံးရောက်လို့ အံဆွဲထဲထည့်သိမ်းထားတဲ့အကျီလေးထုတ်ရုံရှိသေး အန်ဒရူးကအနားရောက်လာကာ ပြောလာသည်။
"အကိုသာယာ အကို့ကိုဘော့စ်ခေါ်နေတယ်"
ဒီဘော့စ်နှယ် ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ရုံးလာတယ်မသိ၊ သူရုံးရောက်တိုင်း ဘော့စ်က အရင်ဦးအောင် ရုံးရောက်နှင့်ပြီးပြီ။ အခုလဲဘာကိစ္စရှိလို့ သူ့ကိုခေါ်ခိုင်းပြန်ပြီလဲမသိ။
"ဟေ ခေါ်ပြန်ပြီလား"
"ခေါ်ပြန်ပြီဗျာ ဟီးဟီး"
"မင်းက ဘာတွေဟီးဟီးနေတာလဲ"
"ဘာမှမဟုတ်ပါဘူးဗျာ"
"ဒါနဲ့ ဘော့စ်က ဘာလို့ ငါ့ကိုခေါ်ခိုင်းတာလဲ"
"အဲဒါတော့ ကျွန်တော်လဲမသိဘူးလေ'
"မင်းက ဘော့စ်လက်ထောက်လေ မင်းမသိဘူးဆိုတာဖြစ်နိုင်လို့လား"
"ဖြစ်နိုင်တာပေါ့ ဘော့စ်က ဘာလို့ခေါ်ခိုင်းတာလဲလို့မှ ကျွန်တော့်ကိုမပြောရတာ၊ ကြည့်ရတာတော့ ဟင်းဟင်း"
"ကြည့်ရတာ ဘာဖြစ်လဲ"
"ကြည့်ရတာ ဘော့စ်က အကိုသာယာကိုမိုးလင်းလင်းချင်းမြင်ချင်လို့နေမှာပေါ့"
YOU ARE READING
သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေး
Romanceဘဝမှာ ဂေးဝတ္ထုဆိုလို့တစ်ပုဒ်ပဲဖတ်ဖူးတဲ့ "ငါ" က ကူးပြောင်းသွားတော့ အဲဒီဂေးဝတ္ထုထဲကိုတဲ့လား ~ Own Creation ပါ၊ Translation မဟုတ်ပါဘူးနော် ~