Part 16

597 74 2
                                    

Part 16

"ဟာ လင်းစက် .. မတွေ့ရတာကြာပြီနော်"

စံသာဖြိုးရဲ့ ရင်းနှီးနေဟန်နှုတ်ဆက်သံကြောင့် အစည်းအဝေးခန်းတွင်းရှိလူအများရဲ့ မျက်လုံးတွေက သူ့အပေါ်ကျရောက်လာတာမို့ သူမနေတတ်ပဲ မျက်လွှာချမိသည်။ ရှက်သွားတာမျိုးမဟုတ်၊ လူအများကြီးရဲ့ အာရုံစိုက်မှုက သူ့အပေါ်ကျရောက်လာတာကို သဘောမကျခြင်းသာဖြစ်သည်။

"CEO နဲ့ လင်းစက်နဲ့က သိနေကြတာလား"

သူ့ဘက်က စံသာဖြိုးကို နှုတ်ဆက်စကားပြန်မပြောခင် HR Manager က ဝင်မေးသည်။ သိချင်လို့မေးတာပဲလား၊ သူက ဘာမှပြန်မပြောသည်မို့ အခြေအနေဝင်ထိန်းပေးခြင်းလား မပြောတတ်ပေ။

"ဟုတ်တယ် ကျွန်တော်နဲ့ လင်းစက်က ကျောင်းတုန်းကသိကြတာ။ လင်းစက ကျွန်တော့် ဂျူနီယာလေ။ ဝန်ထမ်းအသစ်ခန့်တုန်းက နာမည်ကို သေချာသတိမထားလိုက်မိဘူး"

"အိုး ကျောင်းတုန်းက ဂျူနီယာလား ဒါဆို အဆင်ပြေတာပေါ့"

"ဟုတ်ပါ့ဗျာ လင်းစက်နဲ့မတွေ့ရတာတော်တော်ကြာပြီ အစည်းအဝေးပြီးမှပဲလင်းစက်နဲ့ စကားအေးဆေးပြောရအောင် အခုတော့ အစည်းအဝေးစကြတာပေါ့ ပထမဆုံးအနေနဲ့တော့ ကျွန်တော်တို့ကုမ္ပဏီကိုယုံကြည်ပြီး ခင်ဗျားတို့ရဲ့ အရည်အချင်းနဲ့အချိန်တွေကို လာပြီးမြှပ်နှံပေးလို့ကျေးဇူးတင်ကြောင်းပြောချင်တာပါ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ motto ကတော့ရိုးရိုးလေးပါ။ grow together ပေါ့။ ကျွန်တော့်မိသားစုက ဒီလို technology လုပ်ငန်းလုပ်ကိုင်ခဲ့ကြတာမဟုတ်ဘူး။ သူတို့က မိဘတွေရဲ့လုပ်ငန်းကို အမွေဆက်ခံစေချင်တယ် ကျွန်တော်ကလဲ ကျွန်တော်စိတ်ဝင်စားတဲ့ဒီအလုပ်ပဲလုပ်ချင်တာမို့ မိဘတွေနဲ့တော်တော်ငြင်းခုန်ပြီး ဒီအလုပ်ကိုစလုပ်ခဲ့ရတာ။ အဲဒါကြောင့် စစချင်းမှာအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ ဒီနေ့ ဒီလုပ်ငန်းကို ဒီအခြေအနေရောက်လာအောင် ကျွန်တော်ရယ် ကျွန်တော့် team member တွေရယ်တူတူကြိုးစားခဲ့ကြတာ။ အဲဒါကြောင့် ကျွန်တော့်ကိုယုံရင် ကျွန်တော်နဲ့အတူပူးပေါင်းပြီးလိုက်ခဲ့ပါ ကျွန်တော်တို့ အတူတူပိုပြီးအောင်မြင်လာအောင် ကြီးထွားလာအောင် ကြိုးစားကြမယ်လို့ပြောချင်ပါတယ်"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now