Part 8

726 86 18
                                    



Part 8

"အန်ဒရူး မင်းကိုငါပြောစရာရှိလို့"

"ပြောစရာရှိတာများတန်းမပြောပဲ စကားပုလ္လင်ခံနေသေးတယ် ဘာပြောမှာလဲပြော"

စားပွံပေါ်က ဆတ်သားခြောက်မီးဖုတ်ကို ပါးစပ်ထဲကောက်ထည့်ကာ ဘီယာတစ်ငုံမော့သောက်လိုက်ရင်း သူပြန်ပြောလိုက်တယ်

"ငါ့သူငယ်ချင်းတစ်ယောက်ရဲ့အကိုက မင်းကိုသဘောကျလို့တဲ့ .. အဲဒါ.."

"ငါ ရည်းစားထားဖို့ စိတ်မဝင်စားပါဘူးဆို မင်းကို ဘယ်နှစ်ခါပြောရမလဲ ငါကခုမှကလေးပဲရှိသေးတာ"
"စောင်ကျိုးနည်းကိုကလေ ... ကလေးက အရက်သောက်မလား"

"အရက်မဟုတ်ဘူးကွ ဘီယာ"

"ဘယ်လိုဖြစ်ဖြစ် မူးယစ်စေတတ်တဲ့အရည်ချင်းတူတူပဲ .. စကားကိုဝေ့ပြောမနေနဲ့ .. ငါ တကယ်နားမလည်တာ မင်းနဲ့တွဲချင်တဲ့အကိုကြီးတွေရော ညီလေးတွေရော ရွယ်တူတွေရော ရှိနေတာကွာ ဒါတောင်မိန်းကလေးတွေက မင်းကဂေးမှန်းသိလို့ လက်လျှော့ထားကြတာ အဲဒီလောက်လူတွေအများကြီးထဲမှာ မင်း တကယ်ပဲ ဘယ်သူ့ကိုမှမကြိုက်တာလား"

"ဟုတ်တယ်"

"ဘာလို့လဲ မင်းအကြိုက်က အရမ်းကိုကြီးကျယ်မြင့်မြတ်နေလို့လား"

"မဟုတ်ပါဘူးကွာ"

"မဟုတ်ရင် ငါ့ကိုပြော မင်း type ကဘယ်လိုမျိုးလဲ ငါမင်းအတွက် ဘဲရှာပေးမယ်"

သူငယ်ချင်းဖြစ်သူ မင်းသွေးစကားကြောင့် သူပြုံးရုံသာပြုံးမိတယ် သူ့အကြိုက်က ကြီးကျယ် မြင့်မြတ်နေလို့မဟုတ်ပါ။
သူ့အကြိုက်က ဘာမှထူးဆန်းနေတာမျိုးလဲမဟုတ်။
သူ့ type က လူတစ်ယောက်တည်းဖြစ်နေရုံပါပဲ။

"အဲဒါကပြောရခက်တယ်ကွ ဒီအတိုင်းငါ့အကြိုက်မတွေ့သေးတာရယ် ရည်းစားထားဖို့နည်းနည်းငယ်သေးတယ်ထင်တာရယ်ကြောင့်ပါ"
"ဘွဲ့တောင်ရပြီးအလုပ်လုပ်နေပြီကို ငယ်တယ်လုပ်နေသေးတယ် မင်းနဲ့ရွယ်တူတွေထဲ ကလေးအဖေဖြစ်နေတဲ့သူတွေရှိနေပြီ ဘာလဲ မင်းရဲ့ကယ်လေးက ရည်းစားပေးထားမသေးလို့ မထားသေးတာလား ခုထိကိုမင်းရဲ့ကယ်လေးက မင်းကိုရည်းစားပေးမထားသေးတာပေါ့လေ"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now