Part 3

1K 118 6
                                    

Part 3

သူ့သူငယ်ချင်းမဟာ တစ်စက်ကလေးမှကောင်းမနေပါ။ ဘယ့်နှယ် အရင်ဘဝက သူ့မှာ သွားသွားလာလာလုပ်ဖို့ အကောင်းစားကြီးမဟုတ်သော်ငြား အသင့်အတင့်ကောင်းတဲ့ကားတစ်စီးရှိသေးသည်။
အခုဘဝမှာတော့ သူ့မှာ စီးစရာနဲ့တူတာဆိုလို့ စက်ဘီးတစ်စီးတောင်ရှိမနေပါ။
ပိုက်ဆံအိတ်ထဲကြည့်လိုက်တော့ credit card ၂ ကတ်ကိုတွေ့ရသည်။ ဖုန်းထဲမှာရှိတဲ့ banking ကိုစစ်လိုက်တော့ လက်ကျန်ငွေဟာ အခြေအနေသိပ်မဆိုးတာမို့တော်သေးသည်။

ဒီစာအုပ်က သူတို့အမှန်တကယ်နေထိုင်ခဲ့တဲ့မြို့နဲ့နိုင်ငံကိုသာ တည်နေရာပြုပြီးရေးထားတာမို့ သွားလာရတာတော့ ခက်ခဲမနေပါ။ BTS station ဆီသို့လမ်းလျှောက်ကာ သူအလုပ်ကိုထွက်လာခဲ့ကာ ရုံးကိုသွားလိုက်သည်။

ဘော့စ်အကြောင်းသိလိုသမျှကို ဘယ်သူ့ကိုမှလိုက်မမေးလိုက်ရပါ။ အကြောင်းကတော့ ရုံးခန်းထဲရောက်တာနဲ့ ဘော့စ်ကိုအင်တာဗျူးထားတဲ့ magazine ကိုတွေ့လိုက်ရလို့ပါပဲ။

ဘော့စ်ရဲ့နာမည်က ရဲမျိုးဇာနည်။ နာမည်ကြီးကလဲ တောဆန်လိုက်တာ။
သူတွေးရင်းနဲ့ နှာခေါင်းရှုံ့လိုက်မိပြီးမှ ဘေးဘီဝဲယာကို တစ်ချက်ရှိုးရတယ်။ ဘော့စ်မျက်နှာကြီးနဲ့ ဘော့စ်အကြောင်းပါတဲ့ magazine ကိုဖတ်ပြီး မဲ့ရွဲ့နေတယ်လို့ တခြားသူတွေက ဘော့စ်ကို အတို့အထောင်သွားလုပ်မှ မရသေးတဲ့ လစာတွေအဖြတ်ခံနေရအုံးမယ်။
ကဲ ထားတော့ ဘော့စ်အကြောင်း ဆက်လေ့လာမယ်။

ဘော့စ်ရဲ့အသက်က ၂၅။ ဒါဆို သူ့ထက် ၃ နှစ်ကြီးတာပဲ။ တကယ်တော့ သူလဲအရင်ဘဝတုန်းက ၂၅ နှစ်ပြည့်ပြီးပြီ။ ဒီထဲရောက်လာမှ ငချွတ်အသက်ပြန်ဖြစ်သွားတာ၊ ဒါလဲ ဟိုဟာမလေးမကောင်းတာပဲ။

ဘော့စ်က T နိုင်ငံက စီးပွားရေးမဟာတန်းဘွဲ့ယူပြီး ပြန်လာတာ တစ်နှစ်ကျော်လောက်ပဲရှိသေးပြီး သူပြန်လာမှ အခုသူအလုပ်လုပ်နေတဲ့ dating agency ကိုထောင်ခဲ့တာဖြစ်သည်။ ဘော့စ်ဖြစ်သူ ရဲမျိုးဇာနည်ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းက ဒါမဟုတ်ဘူး။

ရဲမျိုးဇာနည်က ချမ်းသာပေ့ဆိုတဲ့ထိပ်တန်းမိသားစုအသိုင်းအဝိုင်းက ဆင်းသက်လာတဲ့သူတစ်ယောက်လို့ပြောရမှာဖြစ်သည်။ သူ့မိသားစုဘိုးဘွားတွေက ဟိုတယ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာဖြစ်ပြီး ဟိုတယ်တွေ စားသောက်ဆိုင်တွေ မရေမတွက်နိုင်လောက်အောင် ပိုင်ဆိုင်ခဲ့ကြတာဖြစ်သည်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now