Part 7

888 87 13
                                    

Part 7

ဘော့စ်က ၅ နာရီစောင့်နေ၊ နောက်မကျစေနဲ့ဆိုလို့ သူ ၄:၄၅ ကတည်းက ကားပါကင်မှာသွားစောင့်လိုက်တယ်

ဘော့စ်နဲ့အရမ်းကြီးတူတူသွားချင်နေလို့မဟုတ်ဘူးနော်၊ သိတယ်မှတ်လား နောက်ကျရင် လစာဖြတ်ခံရမှာစိုးလို့

တကယ်တမ်း သူကသိပ်သွားချင်တာမဟုတ်ဘူးရယ်။

နောက်ကျမှာစိုးလို့ အသည်းအသန်ပြေးလာခဲ့ရတာနံ အိမ်သာထဲကထွက်လာတော့ သူမှန်တောင် သေချာမကြည့်ခဲ့ရဘူး

သူကြည့်လို့မှအဆင်ပြေရဲ့လားမသိဘူး၊ တအားတွေချောနေချင်နေတာလဲမဟုတ်ပါဘူး၊ client နဲ့တွေ့ရမယ်ဆိုတော့ကာ သူ့အနေနဲ့ ကြည့်ကောင်းပြီး အားကိုးချင်စရာကောင်းနေမှဖြစ်မယ်လေ
အဲဒါကြောင့် ဖုန်းကိုထုတ်ကာ၊ front camera လေးဖွင့်ပြီး မျက်နှာကိုဟိုပွတ်ဒီပွတ်လုပ်၊ ဆံပင်ကိုသပ်တင်နေတုန်း camera ထဲမှာပေါ်လာတဲ့ မျက်နှာကြောင့် သူ့ဖုန်းပြုတ်ကျသွားတယ်

"ဘော့စ်"

"ဘာလဲ"

"လန့်သွားတာဗျ ဘာလို့အသံမပေး ဘာမပေးနဲ့ ရောက်လာတာလဲ"

ပြုတ်ကျသွားတဲ့ ဖုန်းလေးကိုမကောက်အားသေး၊ ဘော့စ်ကိုရန်လုပ်ရတယ်
ဒီနေ့ သူ့ရဲ့ဘော့စ်က သူ့ကိုလန့်သေအောင်လုပ်တာ ၂ ခါရှိနေပြီ ပြောမှဖြစ်တော့မယ်

"မင်းဘာသာယောကျာ်းကြီးဖြစ်ပြီး selfie ဆွဲနေတာလေ ငါက ဒီအတိုင်း အနောက်မှာပေါ်လာရုံ"

ခပ်တည်တည်နဲ့ပြန်ပြောတာ မျက်တောင်လေးတောင် တစ်ချက်မခတ်ဘူး၊ ရုပ်တည်ကြီးနဲ့ပြောနေပေမယ့် သူ့စိတ်ထဲမှာတော့ ကိုယ့်ကို ယောကျာ်းလေးတန်မဲ့ selfie ဆွဲနေတယ်ဆိုပြီး လှောင်ချင်နေမှာပေါ့

မသိရင်ခက်အုံးမယ်ဘော့စ်ရယ်

"ဒါပေမယ့်လည်း အသံလေးဘာလေးတော့ပေးသင့်တယ်လေ"

"ဘယ်လိုအသံပေးရမှာလဲ ငါလာပြီဟေ့လို့ ရုံးခန်းထဲကအထွက်ကတည်းက အော်လာရမှာလား"

"ဘော့စ် စကားကိုကပ်မပြောနဲ့"

"ကပ်မပြောဘူး မင်းနဲ့ ၅ ပေအကွာကနေပြောနေတာ"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now