Part 22

557 77 47
                                    

Part 22

"ဘော့စ် ကျွန်တော့်ကိုခေါ်တယ်ဆို"

"အင်း ဟုတ်တယ်"

နေ့လည်ခင်းရောက်နေတာတောင် ဘော့စ်ဆီက ရေမွှေးနံ့က သင်းသင်းလေးနဲ့ မွှေးနေတုန်းပဲ။ ဘော့စ် ဘာရေမွှေးတံဆိပ်သုံးတာလဲမသိဘူး၊ နောက်မှလိုက်ဝယ်ရမယ်။

အင်း ဒါပေမယ့် လိုတော့မလိုပါဘူး။ ဘော့စ်နဲ့ရည်းစားဖြစ်သွားရင် ဘော့စ်ဆီကရေမွှေးကို ကပ်သုံးလို့ရတာပဲ၊ ဒါမှမဟုတ်လည်း ဆင်တူ couple goal ဖို့ရေမွှေးဆင်တူလက်ဆောင်ဝယ်ပေးဖို့ပြောလဲရတာလဲ ဂင်ချားနား ဂင်ချားနား။

ဒါပေမယ့်လက်တွေ့မှာ ဂင်မချားနားနိုင်တာက ဘော့စ်က သူ့ကိုရည်းစားစကားမပြောသေးလို့ပဲ။ ဟိုနေ့က event တုန်းကအကြောင်းသတိရသွားပြီး သူနှုတ်ခမ်းကိုဆူလိုက်မိတယ်။

မသိရင် သူ့ပုံစံက ရည်းစားစကားမပြောလို့ စိတ်ကောက် ဆိုတဲ့ memes နဲ့တောင်တူနေသေးအုံးမည်ထင်။

အလကားဘော့စ် ပိုက်ဆံမပေးရတဲ့ဘော့စ် ကြိုက်ရင်လဲကြိုက်တယ်ပြောလိုက်ပေါ့၊ ပဲများနေလိုက်တာ တကယ်ပါပဲ။

"ဘာပြောမလို့လဲ ဘော့စ်"

"မနက်ဖြန်ကျရင် ငါ့ကျောင်းက အကိုတစ်ယောက်က မင်းကို အောင်သွယ်ဖို့အပ်ချင်လို့တဲ့ appointment ယူထားတာရှိတယ် အဲဒါပြောမလို့"

"ဘော့စ်တို့ကျောင်းကလူတွေက အလုပ်တော်တော်အပ်ကြတယ်နော်"

"မင်းပြောမှပဲ ကိုယ်လဲသတိထားမိတော့တယ် ကိုယ်တို့ကျောင်းကလူတွေက ဂေါ်မစွံတွေတော်တော်များတာပဲ"

အဲဒီထဲမှာ ဘော့စ်က ထိပ်ဆုံးကပါတာလေလို့ သူပြန်ပြောချင်လိုက်တာ ပါးစပ်ကိုယားလို့။ သူများတွေက စားရမယ့်အရေး သွားရည်တများများနဲ့ အေဂျင်စီကိုအားကိုးနေရတာ။

ဘော့စ်တို့က စားလို့ရပါလျက်နဲ့ စားရမယ့်အစာလေးကို မစားပဲ မစားရအညှော်ခံလုပ်နေတာ သိရဲ့ လား။

"ကို Max ကျေးဇူးနဲ့ မင်းရဲ့စကေးတွေလူသိသွားတော့လဲမှပဲ ကိုယ်တို့ကျောင်းက ခုချိန်ထိမစွံသေးတဲ့ လူပျိုသိုးကြီးတွေ ရည်းစားရတော့မှာ"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now