Part 2

1K 112 3
                                    



Part 2

သူကူး‌ပြောင်းလာတာ သေချာသွားပြီဆိုမှတော့ အရင်ဘဝကို ဘယ်လိုပြန်သွားရမယ်ဆိုတာ အဖြေရှာမရမချင်း ဒီဘဝမှာဆက်ပြီးနေသွားရတော့မှာပဲ။

ကံကောင်းတာက အရင်ဘဝမှာကတည်းက သူကတစ်ကောင်ကြွက်မို့ လွမ်းနေမယ့်မိသားစုဝင်တွေဘာတွေမရှိနေတာပဲ။
လွမ်းစရာဆိုလို့ သူရဲ့မရိုးနိုင်အောင် ထည်လဲတွဲနေတဲ့ စကီလေးတွေရှိပေမယ့် အဲဒါက သိပ်ပြီး ပြဿနာမရှိပါဘူး
ဒီဘဝမှာ အဲဒီထက်လန်းတဲ့ကောင်မလေးတွေရှာတွဲလို့ရနိုင်ပါသေးတယ်။

အလုပ်သွားဖို့ ရေအမြန်ပြေးချိုးရင်း မနေ့က သူမကူးပြောင်းခင်မှာဖတ်ခဲ့ရတာတွေကို အသည်းအသန်ပြန်စဉ်းစားရတယ်။
သူအမှတ်မမှားဘူးဆိုရင် သူ့သူငယ်ချင်းမ ကြိုက်နေတဲ့လူက ဒီဘဝမှာ သူ့ရဲ့ဘော့စ်။ နာမည်က သူမေ့သွားပြီ။ ကိစ္စမရှိဘူး အဲဒီကိစ္စက အလုပ်ထဲရောက်မှ ဆက်ရှင်းမယ်။

စာအုပ်ထဲမှာ သူနဲ့ဘော့စ်က အလုပ်ရှင်နဲ့ဝန်ထမ်းသာဆိုတယ် ဘယ်တော့မှအစေးမကပ်ဘူး။ ဘော့စ်ကလဲ သူ့ကိုဆို ဘယ်လိုမျိုးပင်ပန်းအောင်ခိုင်းရမလဲလို့ အမြဲစဉ်းစားနေပြီး သူကလဲ ဘော့စ်ကိုဆို ဘယ်လိုဖဲ့ရမလဲလို့ချောင်းနေတဲ့သူ။

အဲဒီလောက်တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်နေမှတော့ ဘာလို့ ဘော့စ်က သူ့ကိုအလုပ်ထုတ်မပစ်လိုက်တာလဲ။
ဒါကတော့ ရှင်းပါတယ်။ ဘော့စ်ရဲ့ဦးလေးကြောင့်ပဲ။

သူငယ်ချင်းတွေနဲ့ပင်လယ်သွားရင်း မတော်တဆ ရေနစ်နေတဲ့ ဘော့စ်ရဲ့ ဦးလေးရဲ့အသက်ကို ကယ်လိုက်မိတာကြောင့် သူအခုအလုပ်ကိုရခဲ့တာ၊ ဘော့စ်ဆိုတဲ့လူကလဲ တစ်လောကလုံးကိုသာနိုင်မယ်၊ သူ့ဦးလေးကိုတော့ မနိုင်တဲ့သူဖြစ်တာကြောင့် ဦးလေးဖြစ်သူရဲ့ စကားကို မပယ်ရှားပဲ သူ့ကိုအလုပ်ခန့်ထားပေးပြီး သောက်မြင်ကတ်နေတာတောင် အလုပ်ကမထုတ်နိုင်တာပဲဖြစ်သည်။

အဲဒီလိုပဲ ဒီဘဝက မြတ်ထူးသာယာက သူ့အရင်ဘဝကလောက် မသာယာဘူး၊
သူကသာမာန်မိသားစုမှာကြီးပြင်းလာတဲ့သူတစ်ယောက်ဖြစ်ပြီး သူပထမနှစ်တက်နေစဉ်မှာပဲ သူ့မိဘနှစ်ပါးက ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်စလုံး ဒဏ်ရာကြီးကြီးမားမားရသွားတယ်။ အဲဒီကနေ ပြန်မသက်သာလာတော့ လအတော်ကြာတော့ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတာမို့ သူ့မှာဆေးရုံစရိတ်တွေဆပ်မကုန်နိုင်ပဲ အခုထိရုန်းကန်နေရဆဲမို့ လစာကောင်းတဲ့ အဲဒီအလုပ်ကနေ မထွက်နိုင်သေးတာဖြစ်သည်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now