Part 10

828 84 28
                                    

Part 10

"အန်ဒရူး"

"‌ဗျာ ဘော့စ်"

"အစည်းအဝေးပြီးတုန်းက မင်းကိုမတွေ့ဘူး ဘယ်ရောက်နေတာလဲ"

"ကယ်လေးနဲ့ အောက်ထပ်ခဏလိုက်သွားတာ"

သူတို့ရုံးက office tower တစ်ခုမှာငှားထာတာဖြစ်ပြီး agency က အပေါ်ဆုံးထပ်၊ Pent house မှာ၊ event team က အဲဒီအောက်က ၂၂ ထပ်မှာဖြစ်သည်။

ကယ်လေးက event team ကို ဦးစီးဖို့ ပြန်လာတာမို့ အောက်ထပ်မှာ ရုံးထိုင်မှာဖြစ်သည်။

အန်ဒရူးတစ်ယောက်ကတော့ ကယ်လေးအချစ်တော်ဆိုတဲ့အတိုင်း ကယ်လေးပြန်ရောက်ပြီဆိုရင် သူ့အနားမှာမြင်ရဖို့မမျှော်လင့်လေနဲ့တော့။

အသက်ငယ်ငယ်ကောင်စုတ်လေးတွေများ ကောင်းကိုမကောင်းဘူး၊ အသစ်တွေ့တော့ အဟောင်းကိုမေ့တယ်။

ဟိုဒုက္ခအိုးလဲ ဘာထူးလို့လဲ၊ စံသာဖြိုးကို တစ်မနက်ပဲတွေ့ရသေးတယ်၊ လုံးဝကို အိန္ဒြေမဆည်နိုင်ဖြစ်နေတာပဲ။

ချက်ချင်းတောင် ရင်ခွင်ထဲပစ်ဝင်ရသေးတယ်၊ တကယ်တော့ စဉ်းစားကြည့်ရင် သူ့ကိုဝင်တိုက်တာ သူ့ရင်ခွင်ထဲဝင်ရမှာမဟုတ်ဘူးလား၊ ဘာလို့ အဲဒီတစ်ယောက် ရင်ခွင်ထဲကို ဝင်သွားရတာလဲ၊ အဓိပ္ပါယ်ကိုမရှိဘူး။

မကျေနပ်တာက မြတ်ထူးသာယာကိုဆိုပေမယ့် အနားမှာက အန်ဒရူးပဲရှိတာမို့ အန်ဒရူးကိုသာ ဖိဟောက်ပစ်လိုက်သည်။

"မင်းဘော့စ်က ငါလား ကယ်လေးလား ငါ့အနားမှာမနေပဲ ကယ်လေးနောက်လျှောက်လိုက်နေလို့ရမလား"

"ဘော့စ်ကလဲ ကျွန်တော်က ခဏလေးပဲ လိုက်သွားတာပါ။ ကယ်လေးကို ထိုင်ရမယ့်နေရာလိုက်ပြပေးတာကို"

"ငါ့ဦးလေးက မသွားတတ် မလာတတ် စကားမပြောတတ်တဲ့ ၂ နှစ်သားမို့လို့လား"

ဘော့စ်တစ်ယောက်ဘာကိုမကြည်လဲမသိပေမယ့် ရာသီဥတုမကောင်းဘူးဆိုတာသိတာမို့ အန်ဒရူးမျက်နှာပိုးသတ်ကာ ရိုရိုကျိုးကျိုးလေးပြောရသည်။

"မဟုတ်ပါဘူး ဘော့စ်ရယ်၊ ကယ်လေးအခုထိုင်ဖို့ ရုံးခန်းပြင်တာက ကျွန်တော်ပြင်ထားတာဆိုတော့ အဲဒါဘာလိုအပ်သေးလဲ ဘာလုပ်ပေးရအုံးမလဲဆိုတာ လိုက်မေးကြည့်တာပါ စိတ်မဆိုးပါနဲ့ နောက်တစ်ခါ ဘော့စ်နားမှာပဲ ကော်လိုကပ်နေမယ်လေ .. နော် ဘော့စ်"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now