Part 5

794 95 3
                                    

Part 5

"This is all I wanted to share with you guys today. Do any of  you have questions?"

ထိုသူက အပြုံးနဲ့မေးလိုက်ပေမယ့် ပြုံးတဲ့ပုံမှာအရှိန်အဝါတစ်ခုပါသည်။ မြင်လိုက်တာနဲ့ ကြောက်လန့်သွားစေတာမဟုတ်ပေမယ့် ရှိန်သွားစေတဲ့ မျက်နှာထားမျိုးကို ပိုင်ဆိုင်သည်။ အပြောအဆိုပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုဟန်ပန်ပဲဖြစ်ဖြစ်၊ ဘယ်အပိုင်းကိုကြည့်ကြည့် လူကြီးဆန်ကာ တည်ငြိမ်သည်။
ဒါပေမယ့်မြင်သူတိုင်းကိုရင်အေးစေတဲ့ အပြုံးချိုချိုလေးတွေရှိသည်။

မျက်နှာကပြုံးနေလို့ သူ့ကိုသွေးတိုးစမ်းသလို သွားစိန်ခေါ်လို့တော့မရ။ သူက အလုပ်နဲ့ပက်သက်လာရင် တိကျကာ စည်းကမ်းကြီးသူမို့ သူ့ကိုသွားစိန်ခေါ်တဲ့သူတိုင်း အကျိုးဆက်ကကောင်းလေ့မရှိပါ။ ဒီစီးပွားရေးလောကမှာ သူ့ကို ရန်စရဲတဲ့သူမရှိသလို သူနဲ့ယှဉ်ပြိုင်နိုင်တဲ့ပြိုင်ဘက်ဆိုလို့လဲ လက်ချိုးရေရင်တောင် လက်တစ်ဖက်စာမပြည့်ပါ။

သူ့နာမည်က ရဲမျိုးရာချီ။ သူဌေးကြီး ဦးရဲမျိုးရဲ့ သားအငယ်။ သူ့မှာအကိုတစ်ယောက်ရှိပေမယ့် အကိုက အသက်ရှည်ရှည်မနေလိုက်ရ၊ ဦးနှောက်ကင်ဆာနဲ့ လူလတ်ပိုင်းအရွယ်မှာပဲဆုံးသွားတာမို့ အကိုလဲမရှိ၊ ဖခင်ကလဲ အလုပ်တွေများလွန်းလို့ခွဲပေးချင်ပါတယ်ဆိုသောကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက  စီးပွားရေးလောကထဲကိုသူရောက်လာခဲ့တာပဲ။

သူ့ရဲ့တစ်ဦးတည်းသော တူတော်မောင် ကျောင်းမပြီးခင်ကတော့ မိသားစုရဲ့စီးပွားရေးမှန်သမျှကို သူတစ်ယောက်တည်းဦးစီးနေခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂နှစ်လောက်စပြီး သူ့အလုပ်တွေကို ရဲမျိုးဇာနည်က ခွဲပြီးတာဝန်ယူပေးနေတာမို့ အရင်လောက်အလုပ်မများတော့။

အလုပ်သိပ်မများတော့လည်း သူ့အဖေက တစ်စခန်းထလာပြန်တယ်။ အဲဒါကတော့ သူ့ကို အိမ်ထောင်ပြုဖို့ဆော်ဩတာပါပဲ။ သူကလဲ အတိတ်တုန်းက ဖြစ်ရပ်တစ်ခုကြောင့် အခုထိအိမ်ထောင်ရေးဆိုတာကို အသံတောင်မကြားချင်သေးတာမို့ ရှောင်တုန်းတိမ်းတုန်းပါပဲ။

အစည်းအဝေးပြီးလို့ သူအစည်းအဝေးခန်းကထွက်လာတော့ ရှယ်ယာရှင်စီးပွားရေးသမားတစ်ယောက်က လှမ်းနှုတ်ဆက်တယ်။ နိုင်ငံခြားသူအမျိုးသမီးတစ်ယောက်ပါပဲ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now