Part 18

599 89 34
                                    

Part 18

မြတ်ထူးသာယာနဲ့ အိပ်ရာစောစောနိုးတယ်ဆိုတာ ရန်သူတွေပဲ။ ဒီနေ့လဲ ရိုးရာမပျက် သူအိပ်ရာထနောက်ကျပြန်သည်။ ဒါပေမယ့် အရင်လိုအပြေးအလွှားနဲ့ BTS station ဆီ လမ်းလျှောက်သွားစရာမလိုတော့ပေ။

အရင်တစ်ပတ်ကတည်းက ဘော့စ်ဖြစ်သူ ရဲမျိုးဇာနည်က သူ့ကို ကားတစ်စီးပေးလာသည်မို့ ကိုယ့်ကားလေးနဲ့ကိုယ် ရုံးကိုသွားလိုက်ရုံသာ။

"မနက်စောစောထပါဆို ဘယ်တော့မှမထဘူး။ ပေးလိုက်ရတဲ့ alarm ဆိုတာလဲ သူ့အပြင်နှစ်ယောက်မရှိဘူး။ မင်းပေးထားတဲ့ alarm တွေကြောင့် ငါသာနိုးလာတယ် မင်းကတော့ ပြန်ပိတ်ပြီးအိပ်တယ်။ မင်းကိုလဲ အံ့ဩမဆုံးဘူး။ မင်းကြောင့် ရုံးနောက်ကျတယ်ကွ"

"အောင်မာ ဘာပဲဖြစ်ဖြစ် မင်းအခု ငါ့ကားစီးပြီး ရုံးသွားနေရတာမဟုတ်ဘူးလား"

ခေါက်ဆွဲဖတ်အချို့ကို ခက်ရင်းနဲ့လိပ်ကာ ပါးစပ်ထဲကိုထည့်ရင်း သာယာပလုပ်ပလောင်းပြန်ပြောလိုက်သည်။

"အဲဒီကားကို အခုငါမောင်းပေးနေတာမဟုတ်ဘူးလား"

လင်းစက်စကားကြောင့် သူခေါက်ဆွဲစားရင်း ဇက်ကလေးပုသွားသည်။ လင်းစက်ပြောတာမှားတော့မမှား၊ မနက်ကအိပ်ယာထနောက်ကျတော့ သူမနက်စာဘာမှမစားလိုက်ရ၊ ခါတိုင်းဆို အိမ်မှာမနက်စာမစားလိုက်ရရင် ရုံးရောက်မှ တခုခုမှာစားလို့ရသည်။

ဒီနေ့ကတော့ ရုံးရောက်တာနဲ့ event team နဲ့အစည်းအဝေးရှိတာမို့ သူကားပေါ်မှာပဲ မနက်စာကိုဖြစ်သလို စားရမှာမို့ လင်းစက်ကို ကားမောင်းခိုင်းထားခြင်းပင်ဖြစ်သည်။

လင်းစက်က ငယ်ငယ်ကတည်းကကားမောင်းတတ်သည်။ အရင်တုန်းက လင်းစက်မှာ ကိုယ်ပိုင်ကားတစ်စီးရှိပေမယ့် လွန်ခဲ့တဲ့ ၆လလောက်ကမှ ထုတ်ရောင်းလိုက်တာပင်။ အဲဒီတုန်းက လင်းစက်ပံ့ပိုးပေးနေတဲ့ မိဘမဲ့ဂေဟာနားမှာ ရေကြီးမှုဖြစ်ပြီး ကလေးတွေနေထိုင်ဖို့ အခက်အခဲဖြစ်သွားတာမို့ လင်းစက်က အကြီးစားပြင်ဆင်မှုလုပ်ရအောင် သူ့ကားကိုထုတ်ရောင်းကာ လှူလိုက်ခြင်းပင်ဖြစ်သည်။

လင်းစက်က စကားနည်းပြီး အေးတိအေးစက်ပုံစံမျိုးဖြစ်နေပေမယ် စိတ်သဘောထားကောင်းသည်။ ပြီးတော့ လင်းစက်က လူတိုင်းကိုချေမိုးကာနေတတ်သူမျိုးမဟုတ်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now