Part 25
အန်ဒရူးရဲ့ အိမ်ရှေ့မှာ ဟယ်ရီ့ကိုကားရပ်ခိုင်းထားပြီး အိမ်ထဲဝင်ဖို့ရာ ရဲမျိုးရာချီမှာ တကယ့်ကို ချီတုံချတုံဖြစ်လို့။ ဒီပုံစံက လူတကာသိတဲ့ ရဲမျိုးရာချီမဟုတ်တဲ့အတိုင်းပင်။
ဖြစ်ခဲ့တဲ့ကိစ္စအတွက် သူ့အပြစ်မဟုတ်ပါဘူးလို့ တူတော်မောင်က နှစ်သိမ့်သော်လည်း စိတ်မဆိုးပါဘူးလို့ အန်ဒရူးကပြောသော်လည်း သူ့အပြစ်မကင်းဘူးဆိုတာကို သူကောင်းကောင်းသိပါသည်။
အဲဒါကြောင့်ပဲ သူအခုလိုဖြစ်နေတာပေါ့။ အန်ဒရူးစိတ်ကျေနပ်အောင်အထိ တောင်းပန်ချင်ပေမယ့် ချော့လိုက်တိုင်း စိတ်မဆိုးပါဘူးလို့ပြောတဲ့ကောင်လေးကြောင့် သူအခက်တွေ့ရသည်။ အရင်လို ငိုယိုပြီးအပြစ်တင်နေတာမဟုတ်တာမို့ သူချော့ရတာ ပိုပြီးခက်နေသည်။
အမြဲတမ်း သူနဲ့တွေ့ရင် ပူးကပ်နေတတ်တဲ့ကောင်လေး၊ သူရှိတဲ့နေရာတွေကိုရောက်လာပြီး သူ့အနားမှာအမြဲရှိနေတတ်တဲ့ကောင်လေးက အခုဆို ခပ်စိမ်းစိမ်းသာဆက်ဆံနေသည်လို့ သူခံစားနေရသည်။
ဆေးရုံမှာနေတဲ့ ၂ ရက်မှာလဲ သူနဲ့မေးတစ်ခွန်းဖြေတစ်ခွန်းသာ စကားပြောသည်။ ဆေးရုံကဆင်းတော့လည်း အားပြန်ပြည့်အောင်ဆိုပြီး ၃ ရက်လောက်ရုံးမလာတာမို့ သူ့မှာ အိမ်သွားတွေ့ရသည်။
အရင်တုန်းက ဆည်းလည်းလေးလို စကားချိုချိုသာသာနဲ့ တီတီတာတာပြောတတ်တဲ့ကောင်လေးက အခုတော့ စကားမည်မည်ရရ မပြောတာမို့ သူခေါင်းခဲလှသည်။
တူအရင်းမဟုတ်ပေမယ့် သူ အန်ဒရူးကို သူ့အတူအရင်းနဲ့မခြား ချစ်ခဲ့ဂရုစိုက်ခဲ့တာမို့ အခုလို စိမ်းသက်သက်ကြီးဖြစ်နေတဲ့အခါ သူနေသားမကျနိုင်ပါ။
"ဘော့စ် အထဲမဝင်ဘူးလား"
ကားနောက်ခန်းမှာ တွေတွေဝေဝေကြီးထိုင်နေတဲ့ ဘော့စ်ဖြစ်သူကိုကြည့်ပြီး ဟယ်ရီမေးလိုက်မိသည်။ တော်ရုံဆို သူဘာမှပြောမှာမဟုတ်ပေမယ့် ဒီအိမ်ရှေ့ကို သူတို့ရောက်နေတာ ၄၅ မိနစ်ရှိပြီ ဘော့စ်က အခုထိ တုတ်တုတ်မလှုပ်သေးတာမို့ သူမနေသာပဲမေးရတော့သည်။
YOU ARE READING
သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေး
Romanceဘဝမှာ ဂေးဝတ္ထုဆိုလို့တစ်ပုဒ်ပဲဖတ်ဖူးတဲ့ "ငါ" က ကူးပြောင်းသွားတော့ အဲဒီဂေးဝတ္ထုထဲကိုတဲ့လား ~ Own Creation ပါ၊ Translation မဟုတ်ပါဘူးနော် ~