Part 11

651 83 29
                                    

Part 11

လုပ်ငန်းတစ်ခုကိုဦးစီးရတာလွယ်တဲ့အလုပ်မဟုတ်ပေ။ သူ့အဘိုးက chairman ရာထူးကို ယူထားဆဲဆိုပေမယ့် အလုပ်ကိစ္စတွေမှာဝင်ပါတာမျိုးမရှိတော့။

Quarterly meeting တို့ Annual meeting တို့မှာပဲ မျက်နှာလာပြပြီး သူတင်ပြတဲ့ report တွေလောက်သာဖတ်ပြီး လိုအပ်တာတွေအကြံပေးတော့သည်။

သူ့ဦးလေးကလဲ သူကျောင်းပြီးလို့ပြန်လာကတည်းက နိုင်ငံခြား project တွေဘက်ကိုလှည့်နေတာမို့
သူတစ်ယောက်တည်း ဒီကအလုပ်တွေအကုန်လုံးကို ဦးစားနေရတာ အတော်လေး ခေါင်းခဲလှသည်။

ဝါသနာပြီးစိတ်ဝင်စားလို့ရော၊ အနာဂတ်မှာပိုပြီး trend ဖြစ်လာမယ်ဆိုတာသိလို့ရောကြောင့် dating agency နဲ့ event organizing agency နှစ်ခုလုံးကို စတင်အသက်သွင်းခဲ့ပေမယ့် အဲဒါကြောင့်ပဲ အလုပ်တွေက ၃ ဆလောက်ပုံလာခဲ့ကာ သူ့မှာအသက်ရှုချိန်တောင်မရှိ။

အဲဒီလိုအချိန်ကျ သူ့မှာ ချစ်သူရည်းစားမရှိတာ အင်မတန်ကောင်းတာပဲလို့တွေးမိသည်။ ပြောရရင် ရည်းစားမပြောနဲ့၊ သူ့မှာ တစ်ယောက်တစ်လေ ဒိတ်နေတာမျိုးတောင်မရှိ။

သူငယ်ချင်းတောင်မှ အရင်းနှီးဆုံးသူငယ်ချင်း အဲလက်စ်
တစ်ယောက်သာရှိသည်။

အဲလက်စ်ကတော့ သူ့ကိုတခါတလေလှောင်ပြောင်လေ့
ရှိသည်။ အောင်သွယ်တော်လုပ်နေပြီး ကိုယ်တိုင်ကျတော့ ရည်းစားမထားလို့တဲ့။

အဲဒါကအပူတွေလို့သူပြန်ပြောတော့ မင်း client တွေ
ကြားရင် မင်းကိုဆဲတော့မယ်လို့ ရယ်မောပြီးနောက်နေသေးသည်။ သူကတော့ ရည်းစားထားတာ တကယ့်ကိုအပူတွေလို့ပဲမြင်ပြီး အခုသူ့ဘဝလေးက ငြိမ်းချမ်းတယ်လို့သာ
ခံစားရသည်။

နောက်ပြီး သူ့စိတ်ကိုလှုပ်ရှားအောင်လုပ်နိုင်တဲ့သူမတွေ့သေးတာကြောင့်လဲပါမှာပေါ့။
အလုပ်တွေများပြီးစိတ်နဲ့လူနဲ့မကပ်ဖြစ်နေကာ ကယ်လေးက အောက်ထပ်ရုံးမှာထိုင်ပေးနေတယ်ဆိုတာကိုမေ့ပြီး အောက်ထပ်ရုံးကို စစ်ဆေးဖို့ဆင်းလာပြီးမှ
သူ့ရုံးခန်းမှာခန့်ခန့်ကြီးထိုင်နေတဲ့ကယ်လေးကို
တွေ့လိုက်ရသည်။

ရောက်ပြီးမှတော့ မထူးတော့တာမို့ ကယ်လေးကိုဝင်ပြီး
နှုတ်ဆက်ဖို့သာဆုံးဖြတ်လိုက်သည်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now