Part 13

600 75 7
                                    

Part 13

"ဘော့စ် ဘယ်သွားမလို့လဲ ဒီနေ့အစည်းအဝေးတွေဘာတွေချိန်းထားတာလဲမရှိဘူးမဟုတ်လား"

ဟယ်ရီက သူ့ကားကိုလိုက်မောင်းပေးနေလို့ ဒရိုင်ဘာလို့ပြောလို့ရပေမယ့် တကယ်တမ်းတော့ သူ့လက်ထောက်ဆိုလဲမမှားပေ။ လွန်ခဲ့တဲ့ ၆လလောက်က သူ့အတွင်းရေးမှူးက အိမ်ထောင်ပြုပြီး မိဘတွေရှိတဲ့ နယ်မှာပြန်ပြီး မိသားစုလုပ်ငန်းကို ဦးစီးဖို့ အလုပ်ထွက်သွားခဲ့သည်။ အဲဒီအချိန်ကစပြီး ဟယ်ရီက သူ့အတွက် ကားမောင်းပေးတာရော လက်ထောက်ရော လုပ်ပေးနေရတာမို့ သူ့ schedule တွေကိုလဲသိတာကြောင့် မေးတာဖြစ်သည်။

"အင်း .. အခုက အန်ဒရူးအိမ်သွားမှာ အန်ဒရူးအိမ်ကိုမောင်း"

"ဟုတ်ကဲ့ ဘော့စ်"

သူက မောင်းဆိုတော့လဲ ဘာမှများများမပြောဘဲ ဟယ်ရီက ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။

သူ့မှာသာ ပြန်စာမလာတဲ့ message box ကိုကြည့်ရင်း သောကများနေရသည်။

ဒီကောင်လေးစိတ်ကောက်တတ်တာသိပေမယ့် အခုလောက်ကြီး ကောက်လိမ့်မယ်လို့ထင်မထားခဲ့။

သူကလဲသူပါပဲ၊ အရင်ကဆို သူကအမြဲကို အန်ဒရူးဦးစားပေးလေ့ရှိသည်။

အန်ဒရူးဘက်ကစိတ်ကောက်ချင်စရာကိစ္စမျိုး သူ့ဘက်ကလုပ်မိတာရှားသည်။ အခုတခေါက်တော့ အလုပ်ကိစ္စချိန်းထားပြီးသားဖြစ်နေတာကြောင့်ရော၊ အန်ဒရူးလဲ အသက်အရွယ်တစ်ခုရောက်လာပြီမို့ အရင်လောက် ကလေးမဆန်လောက်တော့ဘူးလို့ ထင်တာကြောင့်မို့ရော သူမလိုက်လျောလိုက်မိတာဖြစ်သည်။

ဖြစ်ပုံကဒီလို။ အန်ဒရူးက မနေ့ကနေ့ခင်းဘက်လောက်က ညနေရုံးဆင်းရင် ဟော့ပေါ့သွားစားဖို့ လိုက်ပို့ခိုင်းသည်။

ဖြစ်ချင်တော့ သူကမနေ့က ညဘက်လုပ်ငန်းရှင်အချို့နဲ့တွေ့ဖို့ချိန်းထားပြီးသားဖြစ်နေသည်။ တစ်ယောက်ယောက်နဲ့တွေ့ဖို့ချိန်းထားတာဆိုရင်တောင် သူဖျက်လိုက်အုံးမှာပါပဲ။

အခုဟာက တွေ့ရခက်တဲ့ အမြဲအလုပ်များတတ်တဲ့ လုပ်ငန်းရှင် ၅ ယောက် ၆ ယောက်လောက်နဲ့ဆုံဖို့ကို လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်ကတည်းက သူချိန်းထားတာမို့ ကိုယ့်ဘက်ကစပြီး မဖျက်ချင်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now