Part 21

520 70 63
                                    

Part 21

မြတ်ထူးသာယာတစ်ယောက် မနက်စောစောစီးစီး အိမ်တံခါးလာခေါက်ကာ လာပို့တဲ့ ပါဆယ်ဘူးကိုကြည့်ပြီး အူကြောင်ကြောင်နဲ့ရယ်။ သူလဲ ဘာမှမမှာထားမိသလို ဘယ်သူလာပို့တယ်ဆိုတာလဲ ပို့တဲ့သူကမပြောတာမို့ သူ့မှာ မျက်စိရှေ့မှာရှိနေတဲ့စက္ကူဘူးကိုကြည့်ပြီး ဖောက်ရကောင်းနိုး မဖောက်ရကောင်းနိုးနဲ့ အတော်ကြာအောင် စဉ်းစားနေလိုက်သေးသည်။

ဟုတ်တယ်လေ ဘယ်သူပို့မှန်းမသိတဲ့ ပါဆယ်ကို ဇွတ်အတင်းမဖောက်ရဲဘူး။ တော်ကြာ မသမာသူတွေက ဗုံးတွေဘာတွေပို့လိုက်ရင်ဘယ်လိုလုပ်မလဲ။ သူ့နဂိုဘဝလေးဆိုရင်တော့ သူ့မှာရန်သူမရှိတာသေချာသည်၊ ဒီစာအုပ်ထဲမှာက သူ့မှာရန်သူရှိလားမရှိလားဆိုတာ သူသေချာမသိဘူးလေ။

မိပန်းနုက စိတ်ပုတ်ပြီး သူ့ကိုရန်သူတွေဘာတွေထည့်ပေးထားရင် ဘယ်လိုလုပ်မလဲ။

ဒါပေမယ့် ပါဆယ်ထုပ်လေးကဖွင့်မကြည့်ရသေးတာတောင် အနံ့လေးကမွှေးမွှေးလေးရယ်၊ ဗုံးတွေဘာတွေပို့မယ်ဆိုရင်တော့ ဒီလို‌မွှေးမွှေးလေးပြင်ဆင်ထားမှာမဟုတ်ပါဘူး၊ မထူးပါဘူး ဖောက်ကြည့်လိုက်တာပဲကောင်းတယ်။

ပါဆယ်ထုပ်ကိုဖောက်ကြည့်လိုက်တော့ နက်ပြာရောင်စိုစိုတောက်တောက် suit တစ်ထည်ကိုတွေ့လိုက်ရသည်။

ပါဆယ်ဘူးထဲမှာ ကတ်ပြားလေးတစ်ခုတွေ့တာမို့ ဆွဲယူကြည့်လိုက်တော့ မနက်ဖြန်ပွဲကို ဒါဝတ်ခဲ့လို့ တိုတိုတုတ်တုတ်ရေးထားသည်။

အောက်မှာနာမည်ရေးထားတာက ရဲမျိုးဇာနည်တဲ့။

ဘော့စ်က သူ့ကို ဘာလို့အကျီလက်ဆောင်ပေးတာလဲ ပြီးတော့ မနက်ဖြန်ဝတ်လာခဲ့တဲ့။

မြတ်စွာဘုရား မဟုတ်မှ ဘော့စ်က သူ့ကိုမနက်ဖြန်ပွဲမှာ ချစ်ရေးဆိုတော့မှာများလား၊ သူရေးခဲ့ဖူးတဲ့ဇာတ်လမ်းတွေထဲမှာတောင် အဲဒီလိုမျိုးအကွက်တွေ အများကြီးပါသေးတယ်။

ကျိကျိတက်ချမ်းသာတဲ့မင်းသားက မပြည့်စုံတဲ့မင်းသမီးကို တစ်နေရာရာမှာပွဲအတူသွားတက်ဖို့ချိန်းပြီး ဝတ်သွားဖို့အဝတ်အစားတွေဝယ်ပေး အလှတွေပြင်ပေး အဲဒီလိုအကွက်တွေသုံးချင်တာလဲ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now