Part 19

571 73 26
                                    

Part 19

ရဲမျိုးရာချီပြန်ရောက်နေပြီမို့ event organizing agency ကို သူတာဝန်ယူပေးနေသလို ဟိုတယ်ပိုင်းဆိုင်ရာတွေကိုလဲ သူတစ်ဝက်တာဝန်ယူပေးလိုက်သည်။

အရင်ကတည်းက သူလုပ်လာတာတွေမို့ သူ့အတွက် အခက်အခဲမရှိသလို သူ ဒီဘက်မှာကူညီပေးနေရင် သူ့တူလေးလဲ dating agency ဘက်ကို ချဲ့ထွင်လို့ရနိုင်မည်မို့ သူကူညီပေးရကျိုးနပ်ပါသည်။

ဒီနေ့တော့ သူတို့ဟိုတယ်လုပ်ငန်းရှင်တွေထဲက သူဌေးတစ်ဦးရဲ့မွေးနေ့ပွဲကို သွားရမှာမို့ အန်ဒရူးကိုပါ သူနဲ့အတူလိုက်ဖို့ခေါ်လာခဲ့သည်။

အဲဒီလုပ်ငန်းရှင်က အချမ်းသာဆုံးလုပ်ငန်းရှင်တွေထဲက တစ်ဦးမို့ ရဲမျိုးရာချီရဲ့ဖခင် ဦးရဲမျိုးလည်း ဒီနေ့ပွဲကိုလာလေသည်။

သူတို့ ၃ ယောက်သား စကားပြောရင်း ဧည့်ခံထားတဲ့အစားအစာတွေစားနေတုန်း လုပ်ငန်းရှင်တွေထဲကတစ်ယောက်က သူတို့ဝိုင်းကိုရောက်လာသည်။

"ကိုရဲမျိုး မတွေ့တာတောင်ကြာပြီဗျာ"

"ဟာ ကိုမင်းသန့် ဟုတ်ပါ့ဗျာ မတွေ့တာကြာပြီ ကျွန်တော်လဲ သားတွေမြေးတွေကို အလုပ်တွေလွှဲပြီး အိမ်မှာနားလိုက် resort တွေဘက်သွားလိုက်နဲ့မို့ ပွဲတွေသိပ်မတက်ဖြစ်ဘူး"

"ထင်ပါတယ် ရဲမျိုးရာချီနဲ့တော့ မကြာမကြာ ပွဲတွေမှာဆုံဖြစ်တယ် ကိုရဲမျိုးကိုတော့ တကယ်အားကျတယ်ဗျာ သားရော မြေးရောက အားကိုးရတဲ့ကျားတွေချည်းဆိုတော့ အေးအေးဆေးဆေးအနားယူနိုင်တာပေါ့"

"ဒါတော့အမှန်ပဲ။ သူတို့နှစ်ယောက်လုံးကလှည့်ကြည့်စရာမလိုအောင် အားကိုးရတာတော့ ကျွန်တော် အတော်လေးနားရတယ် အသက်လဲကြီးပြီလေဗျာ အဲဒီတော့ နားချင်ပြီ"

"ဒါနဲ့ ကိုရဲမျိုး အသက်လဲကြီးလာပြီဆိုတော့ မြေးရောမချီချင်ဘူးလား မောင်ရာချီ့အရွယ်က အိမ်ထောင်ပြုဖို့အသင့်တော်ဆုံးအရွယ်ပဲနော်"

"ပြောမနေပါနဲ့ဗျာ ချီချင်တာပေါ့ ဒါပေမယ့် သားတော်မောင်က အိမ်ထောင်ပြုဖို့စကားစလိုက်တာနဲ့ထွက်ပြေးနေတာမို့ ခက်နေတာ"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now