Part 9

680 82 16
                                    

Part 9

မနက် ၅ နာရီ alarm မြည်လာတဲ့အခါ အန်ဒရူးအိပ်ရာပေါ်က ခြေနှစ်ချောင်းဆန့်ကာ ထခုန်ပြီး အိပ်ရာထဲကထွက်လိုက်တယ်။ ပုံမှန်အချိန် အခုလိုမနက်စောစောထဖို့မပြောနဲ့၊ ရုံးသွားဖို့ alarm ၄၊၅ ခုလောက်ပေးထားလည်း ပိတ်ပြီးဆက်အိပ်နေတတ်ကာ မနက် ၇ နာရီလောက် အိမ်ကလာနှိုးရင်တောင် သူကမထပဲပေကပ်ပြီးအိပ်နေချင်တဲ့အမျိုး။

ဒါပေမယ့် ဒီနေ့ကတော့ မတူဘူး။ ဒီနေ့ကတော့ သူ့အတွက် အရေးကြီးတဲ့နေ့မို့ ဘယ်သူမှလာနှိုးစရာမလိုပဲ alarm တစ်ကြိမ်မြည်ရုံနဲ့တင်သူနိုးတယ်။

ခပ်မြန်မြန်ပဲ ရေချိုးခန်းထဲ ပြေးဝင်ပြီး  bath tub ထဲကို shower bomb မွှေးမွှေးလေးပစ်သွင်းကာ ရေဝင်စိမ်တယ်။ နောက်တော့ body scrub သေချာသုံးပြီး အသားအရည်ကိုမွှေးမွှေးအိအိလေးဖြစ်အောင် ရေချိုးတယ်။

အဲဒီနောက်တော့ မျက်နှာလေးကြည်နေအောင် ပေါင်းပြေးတင်းရပြန်တယ်။ သူ့ဘဝကြီးကလွယ်ကူမနေဘူး မင်းသားမင်းသမီးတွေထက်တောင် ပိုအလုပ်များနေသေးတယ်။

[ ကိုယ်ရောက်နေပြီ ထွက်လာခဲ့တော့ ]

မနက် ၇ နာရီခွဲမှာတော့ သူမျှော်နေတဲ့စာလေးဝင်လာတာမို့ သူအပြေးလေး အိမ်ထဲကပြေးထွက်ခဲ့သည်။

ကားပေါ်တက်တက်ချင်းပင် မြင်လိုက်ရတဲ့ ကယ်လေးအပြုံးချိုချိုကြောင့် သူ့မနက်ခင်းကြီး သာယာသွားသလို။
သွား ၃၂ ချောင်းလုံးပေါ်အောင် ရယ်ပြလိုက်တော့ ကယ်လေးက သဘောကျသလို ခေါင်းကိုပုတ်သည်။

"လာပါအုံး ကိုယ့် အန်ဒရူးလေး ပိန်သွားလား ကြည့်ရအောင်"

ဖိတ်ခေါ်မှုနဲ့အတူ ကယ်လေးရင်ခွင်ထဲသူပစ်ဝင်သွားရသည်။ သူ့မျက်နှာအပ်ထားရတဲ့ ရင်ခွင်ကျင်္ယကြီးရဲ့မွှေးရနံ့ကို ပိုင်ရှင်မသိအောင် သူတိတ်ဆိတ် ခိုးယူပစ်လိုက်သည်။
မွှေးလိုက်တာ .. ပြီးတော့ နွေးထွေးတယ်။

အဲဒါကြောင့်ပဲ ကယ်လေးနားမှာနေရတဲ့အချိန်တိုင်း သူလုံခြုံတယ်လို့ခံစားရတာဖြစ်ပြီး အရမ်းနှစ်ခြိုက်ရတာဖြစ်သည်။ ဘယ်လိုကြောက်ရွံထိတ်လန့်စရာမျိုးပဲကြုံနေစေအုံးတော့၊ ကယ်လေး ဘေးနားမှာရှိရင် သူအလွယ်တကူဖြတ်ကျော်နိုင်သွားသည်ချည်းသာ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now