Part 24

606 78 38
                                    

Part 24

သူတို့ ဆေးရုံကနေထထွက်လာကြတော့ ည ၁၀ နာရီထိုးခါနီးနေပြီ
ဒီမြို့က တအားတိုးတက်တဲ့မြို့တွေထဲမှာပါတာမို့ အချို့စားသောက်ဆိုင်တွေက ၁၁ နာရီလောက်ထိဖွင့်တတ်ကြပေမယ့် အရသာကောင်းမကောင်း မသေချာတာမို့ သူ့ဟိုတယ်ကိုသာခေါ်လာခဲ့လိုက်သည်။
သာယာ့ကိုဘာစားချငလဲမေးတော့ကျေးဇူးရှင်လေးက ဗိုက်မဆာလို့ ဘာမှမစားချင်ဘူးတဲ့။ ခါတိုင်းတော့ သာယာ့အလိုကိုလိုက်မိမှာဖြစ်ပေမယ့် ဒီနေ့တော့ သူလက်မခံပါ။ သာယာ့အနေနဲ့ အားရှိဖို့လိုတာမို့ သူ့သဘောအတိုင်း ညစာလိုက်ကျွေးပြီးမှ ပြန်ပို့ရပါမည်။
ဆေးရုံကနေထွက်ကတည်းက ဟိုတယ်ကိုဖုန်းဆက်ပြီး chef ကို အလုပ်မဆင်းသေးဖို့ မှာထားတာမို့ သူတို့ရောက်တာနဲ့ စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းထဲကို head waiter လေးကတခါတည်းခေါ်သွားပေးတာမို့ အဆင်မပြေရာဘာမှမရှိပါ။
"ဘော့စ် ဘာများသုံးဆောင်မလဲခင်ဗျ"
"သူ့ကိုမေးလိုက် သူစားချင်တာအကုန်လုပ်ပေးလိုက်"
"ဟုတ်ကဲ့ ဘော့စ်"
စားပွဲထိုးလေးက သူ့ကိုပြန်ဖြေပြီးနောက် မြတ်ထူးသာယာကို အကဲခတ်သလိုလေး မဝံ့မရဲဖြင့်ကြည့်လေသည်။ ဒီဟိုတယ်ပိုင်ရှင်သူဌေးမှန်းလူတိုင်းသိပေမယ့် မြတ်ထူးသာယာကိုတော့ မသိကြတာပုံမှန်ပဲမို့ waiter လေးသိချင်စိတ်ဖြစ်နေတာလဲမထူးဆန်းပါ။
"သာယာ ဘာစားမလဲ မှာလေ"
"menu ပြပေးပါလား"
ဒီဟိုတယ်မှာတခါမှမစားဖူးသေးတာမို့ ဘာတွေရမလဲမသိတာကြောင့် သူမေးလိုက်ခြင်းဖြစ်သည်။
"ဘဲကင်တခြမ်း ဝက်သားလုံးချိုချဉ်တစ်ပွဲ နောက်ပြီး ပုဇွန်မရောနိစ်တစ်ပွဲ တုန့်ယမ်းဟင်းချိုရယ် ကြက်ခြေထောက်သုပ်ရယ် အင်း ပြီးတော့ ဘာစားရမလဲ ဘော့စ် ဘာစားအုံးမလဲ"
"မင်းကြိုက်တာသာမှာ မင်းမှာတဲ့ထဲကပဲစားမယ်"
ဟွန့် ဘော့စ်ကလဲ ကပ်စေးနည်းလိုက်တာ သူပိုကုန်မှာစိုးလို့ သူများမှာတဲ့အထဲကကပ်စားမယ်ပေါ့လေ။
ရတယ် ကိုယ့်ဘာသာထပ်မှာမယ်။
"နောက်ပြီး ဂဏန်းချဉ်စပ်တစ်ပွဲ နောက် ပုဇွန်တန်ပူရာကြော်ရယ် အဲလောက်ဆိုရပါပြီ"
"ဟုတ်ကဲ့ဗျ"
"နောက်ပြီးသံပုရာရည်အေးအေးလေး ၂ ခွက်ပေးပါနော်"
"ဟုတ်ကဲ့ ဒါပဲလားဗျ"
"အင်း ဒီလောက်ဆိုရပါပြီ"
ဒီလောက်ဆိုရပြီတဲ့။ သူမှာတာ နည်းနည်းနောနောလား။ မသိရင် menu တစ်ခုလုံးမှာ ရှိသမျှအကုန်မှာမယ်ထင်ထားတာ။ သူ့ဒုက္ခအိုးလေးက အတော်လေးတော့စားနိုင်သား။
ရပါတယ် မင်းက အစားတွေစား၊ ကိုယ်ကမင်းကိုစားမှာပေါ့။
ကိုယ့်အတွေးနဲ့ကိုယ် ရဲမျိုးဇာနည်ရဲ့မျက်နှာက ပြုံးစိစိဖြစ်သွားတာကို မြတ်ထူးသာယာကလဲ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
"ဘာရယ်တာလဲ ဘော့စ်က"
"မရယ်မိပါဘူးကွာ မင်း သွေးလှူထားလို့ မူးပြီး အမြင်တွေမှားတာနေမယ်"
"ဘော့စ်နော် ကျွန်တော့်ကိုလာမလိမ်နဲ့ ကျွန်တော့်မျက်လုံးနဲ့သေချာမြင်တဲ့ဟာကို"
"ဟုတ်လား မင်းမျက်လုံးနဲ့ ဘာကိုမြင်တာလဲ"
"ဘော့စ် ရယ်တာကိုမြင်တာလေ"
"အဲဒီတော့ကြည့်လို့ကောင်းလား"
"ကောင်းတယ် .. ဟာ မဟုတ်ပါဘူး"
"အဟက်"
သူ့ဘာသာသူယောင်ပြီးဖြေပြီးမှ ရှက်သွားတဲ့မြတ်ထူးသာယာပုံစံက အရမ်းချစ်ဖို့ကောင်းနေတာမို့ သူသဘောတကျရယ်လိုက်မိသည်။ သူများတွေက ရှက်ပြီဟေ့ဆိုရင် နားတွေပါးတွေရဲလာတာ၊ သူ့ဒုက္ခအိုးလေးကတော့ အဆန်း၊ နားတွေရဲလာပြီးရင် နှာခေါင်းလုံးလုံးလေးကအရင်ရဲတက်လာတာ။
မြတ်ထူးသာယာက မျက်နှာတစ်ခုလုံးခြုံကြည့်ရင်မလှတဲ့အစိတ်အပိုင်းဆိုတာမရှိပေမယ့် သူသဘောအကျဆုံးကတော့ နှာခေါင်းလုံးလုံးလေးတွေပဲဖြစ်သည်။
သူများတွေက နှာတံလေးဖြောင့်စင်းနေတာမျိုးကိုသဘောကျပေမယ့် သူကတော့ နှာခေါင်းထိပ်လေးလုံးနေတဲ့ မြတ်ထူးသာယာကို ပိုသဘောကျသည်။
"တွေ့လား ရယ်နေပြန်ပြီ ဘော့စ်ကလေ အကျင့်ကိုမကောင်းဘူး"
"မဟုတ်ပါဘူးကွာ ကိုယ်ကမင်းဗိုက်မဆာဘူးလို့ပြောပြီး အခုကျ စားစရာတွေအများကြီးမှာနေတာကို သဘောကျလို့ရယ်တာပါ"
"အဲဒီတုန်းကတော့ အန်ဒရူးကိုစိတ်ပူနေတာနဲ့ ဗိုက်ဆာဖို့မေ့နေတာ၊ အခုတော့ menu ကိုကြည့်ပြီးဗိုက်ဆာဖို့သတိရသွားလို့လေ။ ဘာလဲ ဘော့စ်က ငြိုငြင်တာလား မကျွေးချင်ဘူးလား"

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now