Chapter 6 "Teepakorn's imaginary Couple" (I)

124 15 5
                                    

-ZAWGYI-

"Teepakorn ရဲ့ စိတ်ကူးယဉ်ည်းစား"

ဖုန်းမှာ ပေါ်နေတဲ့ Instagram post ကို ကျွန်တော် ကြောင်ကြည့်နေမိတယ်။ အဲ့စကားလုံးတွေကို အကြိမ်ကြိမ်အခါခါ အဓိပ္ပာယ် ဖွင့်ကြည့်နေပေမဲ့ ဘယ်လောက်ပဲ ကြိုးစား ဖတ်ဖတ် ရလဒ်ကတော့ ဒီတစ်ခုတည်း။

Sarawat သူငယ်ချင်းတွေကတော့ တကယ့်ကောင်တွေပဲ။

Nil1987 Sarawat က တကယ် Tine ကို လိုက်နေတာလား? တကယ်ကြီး ? မဖြစ်ဘူး!!!

ပထမဆုံး comment ကို ဖတ်ပြီးတဲ့အချိန် ကျွန်တော် အခုချက်ချင်းပဲ ကားသော့ယူ အပြင်ထွက်ပြီး ဘီတာဒင်းနဲ့ ပလာစတာတွေပဲ ပြေးဝယ်ချင်တော့တယ်။ ဒီတကြိမ်မှာတော့ ကျောင်းမှာ ရှိတဲ့ Sarawat ရဲ့ မိန်းမတွေ ချောင်းရိုက်တော့မှာ သေချာတယ်။

ဘာကြောင့်များ ဒါတွေ လာဖြစ်နေရတာလဲ။ ဘာလုပ်ရမလဲ။ လောလောဆယ် ဒီပြဿနာကို ရှောင်ဖို့အတွက် ဖုန်းကို ကျွန်တော်နဲ့ ခပ်ဝေးဝေးဆီ လှမ်းပစ်ထားလိုက်တယ်။

ဖုန်းကို ပစ်လိုက်တဲ့အချိန်မှာပဲ ကျွန်တော့်အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားတော့တယ်။ ကျွန်တော် စိတ်ကို စုစည်းပြီး သေချာပြန်ကြည့်လိုက်ချိန် ဝင်လာတဲ့သူက Ohm ။

သူ့ဆီကနေ ကာလာစုံ ၇ ရောင်တောင် ထွက်နေသေး။ ချီး... မင်းကို အဲ့ဘောင်းဘီ ဘယ်သူ ဝတ်ခိုင်းတာလဲ၊ ဟမ်။ သူ့လက်ထဲမှာလည်း စာအုပ်တွေနဲ့။

တကယ်တမ်းတော့ သူ ဒီလိုအချိန် ကျွန်တော့်အခန်းကို ဒီလို ဝင်လာ ဖို့အတွက် အခွင့်အရေး ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျောင်းမဆင်းခင်က သူ့အိမ်စာတွေကို ကူးလို့ ရအောင်ဆိုပြီး အခန်းသော့အပိုကို ပေးထားလိုက်တာ၊ ကျွန်တော် သူ့ဆီကို သွားယူဖို့ ပျင်းတယ်လေ။

"မင်း ဘာကိစ္စ ဘတ်စ်ကား လက်တန်း ကိုင်ထားတဲ့ပုံနဲ့ နေနေတာလဲ"

"ငါ စိတ်အခြေအနေ မကောင်းဘူး။ လောင်အောင် ထပ်မလုပ်နဲ့။"

"ဘာဖြစ်လို့လဲ။ ရာသီလာနေလို့လား။"

"မင်းလို cele တစ်ယောက်က ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိဘူးလား ။ ချီးပုံကြီးတွေက အခု Instagram မှာ ငါ့ကို မဲနေကြပြီ။"

2gether Book 1 (Official Myanmar Translation)Where stories live. Discover now