Chapter 9 "Alcohol" (I)

128 10 1
                                    

-ZAWGYI-

"အရက်"

ကျွန်တော့် ကံတရားက အမြဲ အတူ တွဲရှိမိအောင် လုပ်နေသလိုပဲ။ အခု Music Club မှာတောင်ပေါ့။

"မင်း cake စားလိုက်လား။”

ကျွန်တော် မေးလိုက်တော့-

“အင်း၊ စားကောင်းတယ်။”

သူကတော့ ခပ်တိုးတိုးပဲ ပြန်ဖြေတယ်။

“ငါကတော့ အဲ့လောက် ကောင်းတယ် မထင်ဘူး။”

“အင်း၊ ငါရောပဲ။”

"ဟမ်၊ ဘာ ..."

“ငါတို့နှစ်ယောက်ကြား တစ်ခုခုထူးဆန်းနေတယ် မခံစားရဘူးလား။”

ဟုတ်တယ်၊ ကျွန်တ်ာတို့ အရင်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့ ဒီ music အခန်းထဲမှာ ပထမဆုံး စကားပြောဖြစ်တဲ့ အချိန်နဲ့ ကွာခြားနေတယ်။

"အင်း"

“အဲ့တော့ ဒီခံစားချက်တွေကို ဘယ်လိုလုပ်မှာလဲ။”

“ဘာမျှ လုပ်စရာ မလိုပါဘူး။ အခုလို အဆင်ပြေနေတာပဲဟာ။”

Sarawat နဲ့ ကျွန်တော် ကြမ်းပြင်ပေါ်မှာထိုင်ရင်း Green က ကျွန်တော်တို့ကို လိုက်ခွဲနေတာမို့ နှစ်ယောက်လုံး အနည်းငယ် စိုးရိမ်မိတယ်။ သူက ကျွန်တော်တို့ နှစ်ယောက်ကြား နေရာသေးသေးလေးထဲကို အတင်း တိုးဝင်ထိုင်နေတာ။ သူ့ကြောင့် ကျွန်တော် လေလိုပဲ ပျောက်ကွယ်သွားရင် ကောင်းမယ်ဆိုပြီး ဆုတောင်းချင်မိတဲ့အထိ။

"မင်း ငါလက်ကို လွှတ်ပေးလို့ ရလား။ မဟုတ်ရင် ငါ မင်းကို တကယ် ဆောင့်ကန်ရမလား။"

Green ကို ခြိမ်းခြောက်သလို ပြောလိုက်မိတော့-

"Tine ၊ နင့်မိန်းမကို နင် လုပ်ရက်လို့လား။”

"တစ် …"

ကျွန်တော် စရေတွက်လိုက်တာနဲ့ Green မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတော့တယ်။ သူ ကျွန်တော့်ကိုတော့ မလွှတ်။ လက်တစ်ဖက်က ကျွန်တော့်လက်မောင်းကို တင်းနေအောင် ဖက်ထားပြီး နောက်တစ်ဖက်က Sarawat ခြေထောက်ပေါ်မှာ။

"Tine ၊ တကယ်ကြီး အဲ့လို လုပ်မှာလား။ ငါ နင့်အတွက် cake ဝယ်လာပေးတယ်လေ။"

2gether Book 1 (Official Myanmar Translation)Where stories live. Discover now