CHAPTER 1 "A busybody blocking True Love" (III)

13.9K 882 33
                                    

-ZAWGYI-

နာရီဝက်လောက် ကြာပြီးတဲ့နောက် Numnim တစ်ယောက် ကျွန်တော့်ဘေးမှာ ပြန်လာထိုင်ပါတော့တယ်။ ဒါပေမဲ့ သူ ဝယ်လာပြီး သောက်နေတဲ့ ရေဘူးက ခုနက ကျွန်တော် သူ့ကိုပေးလိုက်တဲ့ ရေဘူး brand နဲ့ အတူတူ။

ဘာလားဟ။ ကျွန်တော် စိတ်တော့ နည်းနည်းနောက်လာပြီ။ ပြီးတော့ အခု ပြနေတဲ့ show တွေကလည်း တစက်လေးမျှ စိတ်ဝင်စားစရာ မကောင်းဘူး။ ပျင်းစရာတွေချည်းပဲ။

"Tine~~"

"သေစမ်း၊ ငါ့ကို ဝိုင်းပြီး ကွယ်ပေးထားဦး။ ကူညီဦး။ သူ့ကို အဝင်မခံနဲ့။"

ကျွန်တော် တစ်စက္ကန့်လောက်ပဲ စိတ်အေးအေးနေလိုက်တာကို။

ကံကောင်းတာက Green snackkiki ကျွန်တော့်နား ရောက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော့်မှာ ပထမတန်းစား ကိုယ်ရံတော်တွေ ရှိတယ်လေ။ ကျွန်တော့်ရဲ့ Star Gang က ကျွန်တော့်ရဲ့ လွတ်လပ်မှုကို ကာကွယ်ပေးတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

"James ငါ့လက်ကို ကိုင်။ Mario ငါ့နားလာ။ Nadech မင်းအဆင်ပြေကို ပြေစေရမယ်၊ ငါ အာမခံတယ်။"

အင်း၊ ဒီလောက် အပိုလုပ်နေတာကတော့ နည်းနည်းလေး အိုဗာဖြစ်သလိုပဲ။

"လုပ်ပြန်ပြီလား။ ဘာလို့ သူငယ်ချင်းတွေနဲ့ ငါ့အချစ်တွေကို အတင်း ကာနေတာလဲ။ ဘာလို့လဲ။"

“မင်း ဘာလာလုပ်တာလဲ။ ဝေးဝေးသွား။ မင်းသူငယ်ချင်းတွေဆီ ပြန်သွား။"

အဲ့ Green ကတော့ တိုးဝင်ဖို့ အတင်းကို ကြိုးစားနေတာ။ နောက်ဆုံးမှာတော့ သူ Mr. Steven Condom ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ကြောက်ဖို့ ကောင်းလိုက်တာ။

"နင့်ကို တွေ့ ချင်နေတာလေ။ အဲတော့ ကောင်မလေးက ဘယ်သူလဲ။"

ကျွန်တော် Numnim ကို ခပ်ဖွဖွ လှမ်းတို့လိုက်ပြီး သူကို စကား လှည့်ပြောဖို့ အချက်ပေးလိုက်တယ်။

"သူလား၊ သူက..."

"Numnim က ဘယ်လို့ ဒီမှာ ထိုင်နေတာလဲ။"

ကျွန်တော့် ဟန်ဆောင်ရည်းစားလေးက အရမ်းအံ့အားသင့်သွား သလို အော်လိုက်တယ်။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now