INTRODUCTION

10.9K 824 52
                                    

-ZAWGYI-

လူငယ်စ်ယောက်တွက်ချစ်စ်ကို ရှာတာက်ခဲပေမဲ့ မင်းက အမြဲ အသည်းခွဲတ်တဲ့သူဆိုင်တော့ အသည်းကွဲဖို့က်လိမ့်ယ်

Tine_TheChic

Fresher ရွေးချယ်ပွဲကတော့ပီးသွားခဲ့ပီကျွန်တော့်ရဲ့ Ms.Right ကရော? ဘယ်ချိန်ပ်ါလာမှာလဲ?

ကောင်းလိုက်တဲ့ Caption!

"ဟာ မင်းတို့က ယီးလုပ်နေတာလား? Like ပေးကြလေကွာ!”

င်~ ဒင်~ ဒင်~ ဒင်~

"အရမ်း နာမည်ကြီးနေမိတာ ဆောရီးကွာ! ဟဟ"

"အား! Tine နမ်းခွင့်လေး ပေး”

ဒီအသံတွေက ကျွန်တော့်အဖွဲ့ ကကောင်တွေရဲ့ စိတ်ပျက်ဖို့ ကောင်းတဲ့ အသံတွေ။ ကျွန်တော်အပါအဝင် အဖွဲ့ဝင်လေးယောက်ရှိတယ်။ သူတို့ကိုယ် သူတို့ "Star Gang" နဲ့ နှိုင်းပြီး James Ji*, Pope* နဲ့ Mario* ဆိုပြီး အခေါ်ခံချင်ကြတယ်။ တကယ်တမ်း သူတို့ဆီမှာ ချောမောမှုဆိုတာ ရှာမတွေ့ဘူး။ ဘယ်လိုမှ လိုက်ဖက်မနေဘူး။

(* နာမည်ကြီး ထိုင်းမင်းသားများ)

ကျွန်တော့်ကို နမ်းမယ်လို့ ခြိမ်းခြောက်နေတဲ့သူက Puek။ Peuk က သူ့ကို James Ji လို့ ခေါ်ဖို့ အမြဲ ပြောနေပေမဲ့ သူ့မှာ James နဲ့ တူတဲ့နေရာဆိုတာ သေးသေးလေးတောင် မရှိဘူး။

Puek ရဲ့ ဘေးမှာ 'Cute Boys' page က ကောင်လေးတွေလို ဆံပင် ပုံစံထားထားတဲ့ Ohm ။ သူကတော့ သူ့ရဲ့ ချောမောမှုက လူကြီး လူကောင်း ဆန်ဆိုပြီး သူ့ကိုယ်သူ Pope နဲ့ နှိုင်းနေလေရဲ့။

Ohm ဘေးက သူကတော့ Fong ။ မျက်စိပေါက်ကျဉ်းကျဉ်းနဲ့ တရုတ်ဆင် ကောင်လေး။ အရင်က သူ့အမေက တရုတ်တန်းမှာ ရွှေဆိုင်ပိုင်ပေမယ့် နောက်ပိုင်း တက္ကသိုလ်အနီးနားမှာ စီးပွားရေးလုပ်ဖို့ ပြောင်းလာကြတယ်။ သူပြောတာက ဘာတဲ့။ မာဖီးယားတွေက သူတို့ကို အတင်းနေရာ ရွေ့ခိုင်းတာဆိုပဲ။ စောင်တလွဲ ငလိမ်ကောင်။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now