CHAPTER 5 "Extreme Sarawatlism" (II)

1.9K 161 9
                                    

-ZAWGYI-

ဒီနေ့တော့ စာသင်ချိန် မရှိ နှစ်နာရီ တောက်လျှောက် နားရတာမို့ ကျွန်တော့်ရဲ့ အဖွဲ့က Green ကို ပထုတ်ဖို့အတွက် သူတို့ခေါင်းထဲက အကြံဉာဏ်တွေကို ညှစ်ထုတ်ပြီး စဉ်းစားနေကြလေရဲ့ ။ ဒီ ဂေးကောင်ကြီးက နေ့လယ် အတန်းချိန် ပြီးတိုင်း တစ်နေရာရာကနေ ပေါ်လာပြီး ကျွန်တော်တို့ကို လာနှုတ်ဆက်နေကျဆိုတာ သိနေတာလေ။

"သူ ဒီနေ့ လာမယ်ဆိုတာ သေချာရဲ့လား Pope"

"မကြာခင် လာလိမ့်မယ် ထင်တယ် Mario ။ ဘယ်လောက်လိုသေးလဲ James Ji"

"အတူတူ countdown ရေကြတာပေါ့ .. ၅ .. ၄ .. ၃ .. ၂.. ၁ "

"Tine~~"

ယိ့၊ စောင်ရမ်းတိကျလိုက်တာ။ countdown ပြီးသွားတာနဲ့ တစ်ပြိုင်နက် မသိရင် တစ်နေရာရာမှာ ပုန်းနေပြီး အခုမှ ထွက်လာသလို ခံစားရတဲ့ Green ရဲ့ ကြောက်စရာ အသံကြီးက ပေါ်လာလေရော။

"ဘာကိစ္စလဲ။"

ကျွန်တော် ခပ်တင်းတင်းပဲ ပြောရင်း Green တစ်ယောက် ကျွန်တော့် ဘေးကို ယုံကြည်ချက် ရှိရှိနဲ့ ဖြည်းဖြည်းချင်း လျှောက်ကာ လာထိုင်တာကို လိုက်ကြည့်နေလိုက်တယ်။

"သိလျက်သားနဲ့ မေးနေပြန်ပြီ။ ငါက အရမ်းသစ္စာရှိတာနော် တစ်ခုခုကို လိုချင်ပြီဆို တစ်သက်တာ ပိုင်ရမှ။ နင်ကို စိတ်ဝင်စားတာ ဒီတစ်သက် ရပ်မှာ မဟုတ်ဘူး။"

"ငါ မင်းကို စိတ်ကုန်လာပြီ။"

"မကြာခင် အဲ့ဒါ အချစ်ဖြစ်သွားမှာ။"

"ဘာလို့ တခြားသူ ပြောင်းမကြိုက်တာလဲ။"

"ငါက လူတစ်မျိုး၊ တစ်ကြိမ်မှာ တစ်ယောက်ပဲ ကြိုက်တယ်။ အဲ့တစ်ယောက်ကိုပဲ အကုန်ပုံပေးကြိုက်တယ်။"

"ငါ့အထင်မင်းတခြားတစ်ယောက်ပြောင်းကြိုက်ရတော့မယ်ထင်တယ်"

နိဗ္ဗာန်ဘုံလို့ ခံစားလိုက်ရတဲ့ အသံလေး ကြားလိုက်ရပါပြီ။ အဲ့ဒါကတော့ social media cele Ohm ရဲ့ အသံပါ။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now