CHAPTER 3 "Please don't doubt my trust in you" (III)

3.6K 243 11
                                    

-ZAWGYI-

ဒီနေ့ကတော့ Club ရွေးရမဲ့နေ့ပါ။ ဟောခန်းထဲမှာ ပြည့်နှက်နေတဲ့ ပထမနှစ်ကျောင်းသူ ကျောင်းသားတွေကြား ကျွန်တော် ဝင်ဆံ့အောင် နေနေရတယ်။ ဒီနေ့က စပြီး club တွေ ဝင်ရတော့မှာ ဆိုပေမဲ့ ကျွန်တော် အခုချိန်ထိ ဘယ် club ဝင်ရမယ် မသိသေးဘူး။ ဘာကြောင့်ဆို ကျွန်တော့်နားမှာ Green က အမြဲ လိုက်ကပ်နေတာကြောင့် အချိန်မရဘူးလေ။

ကျွန်တော် သူ့လက်ကနေ လွတ်အောင် ပြေးနိုင်ရင် ကျွန်တော် ကံကောင်းတာပဲ။ ပိုဆိုးတာက Preuk နဲ့ Fong က ဒီတိုင်း မြင်ရာ ကောက်ရွေးလိုက်‌တော့ Herbal Liquor Making Club နဲ့ Foot Message Club ထဲ အသီးသီး ရောက်သွားကြတယ်။ Ohm က ကောင်မလေးတွေရဲ့ အတွင်းခံလေး နည်းနည်းပါးပါး မြင်ရလို မြင်ရငြားဆိုပြီး Cover dance club ထဲကို အသီးသီး ဝင်သွားကြပြီလေ။ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ကြတယ်၊ အဲ့နောက်မှာတော့ ကျွန်တော် Ping Pong Club ကို မြင်လိုက်ပေမဲ့...

"လူပြည့်သွားပြီ။"

ကျွန်တော် မေးတောင် မမေးရပေမဲ့ သူတို့ ကျွန်တော့်ကို ဖြတ်ပြောလိုက်တယ်။ အဲ့တော့ ကျွန်တော် Club Register Form ကို ကိုင်ပြီး လူအများအပြား ရပ်နေတဲ့ လိုင်းအရှည်ကြီးတွေကို ကျော်ဖြတ်နေလိုက်တယ်၊ အရေးအကြီးဆုံးကအင်ဂျင်နီယာကျောင်းသားတွေ စင်ပေါ်မှာ ဂစ်တာတီးနေတာ ကိုလည်း မြင်လိုက်တယ်။ အဲ့ဒါကြောင့် အဲ့နေရာက Music Club နေရာဆိုတာ သိလိုက်ပေမဲ့ အဲ့မှာ လူဘယ်လောက်ပဲ လက်ခံမယ်ဆိုတာ ကျွန်တော် မသိဘူး။

"ဟေး"

ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ သူရဲ့ ပခုံးကို လှမ်းတို့လိုက်ကာ သေချာသိရဖို့အတွက် မေးဖို့ကြံလိုက်တယ်။ သူတို့ လူနည်းနည်းပဲ လက်ခံမယ် ဆိုရင်တော့ အချိန်အကြာကြီး ရပ်စောင့်ပြီး အချိန်ကုန် မခံချင်ဘူးလေ။

"အွန်း"

ရှေ့မှာ ရှိနေတဲ့ ခပ်၀၀ကောင်မလေးကတော့ ကျွန်တော့်ကို မော့ကြည့်လေရဲ့။

"ဒီ club က လူဘယ်နယောက်အထိ လက်ခံတာလဲ။"

"ပထမကတော့ အယောက် ၅၀ ပဲ။ ဘာလို့ဆို ဝင်ချင်တဲ့သူ အရမ်း များနေလို့ စီနီယာတွေက နောက်မှ ထပ်ဆုံးဖြတ်ပေးမယ်တဲ့။"

2gether Book 1 (Official Myanmar Translation)Where stories live. Discover now