CHAPTER 2 "Flirt with you this life, Dating You in Next Life" (II)

9.5K 547 6
                                    

-ZAWGYI-

အခုချိန်မှာ ကျွန်တော်နဲ့ နွားရိုင်းဆိုတာ ဘာမျှ မကွာခြားဘူး။ ဘာဖြစ် လို့လဲဆိုတော့ကျွန်တော် သူ့ကို ရှိတာနဲ့ကောက်ဝှေ့ခွေ့ပြီး သတ်ပစ်လိုက်ချင်လို့။

မနေ့ည e-mail ကတော့ တော်တော်ရှက်ဖို့ကောင်းတယ်။

ဒီကိစ္စကို ဘယ်လို လုပ်သင့်လဲ ဆိုတာ ကျွန်တော့်ကောင်တွေနဲ့ ဆွေးနွေးနေလိုက်တယ်။ ကျွန်တော် Sarawat ရဲ့ ဖုန်းနံပါတ်ကို မရသေးဘူး။ သူက Facebook မသုံး၊ IG မသုံး၊ Twitter မသုံး၊ အရေးကြီးဆုံး email ကလည်း spam ခံလိုက်ရပြီ။ အခုချိန်မှာတော့ ကျွန်တော် မျှော်လင့်ချက်မဲ့နေပြီ။

“မင်းပြောတာ အမှန်ဆို ဒီကောင်က အကျင့်မကောင်းတဲ့ပုံပဲ။"

Fong တစ်ယောက် မဲ့ရွဲ့ရင်း ပြောလေရဲ့။

"မဟုတ်ဘူး၊ လုံးဝ မကောင်းတဲ့အကောင်။"

ကျွန်တော့်ခံစားချက်တွေ အပြည့်နဲ့ ပြန်ဖြေမိတယ်လေ။

"သူ့ကို ကပ်ဖို့က တော်တော်ခက်မယ် ထင်တယ်။”

Puek က ထောက်ခံလိုက်တယ်။

"ငါ မင်းကို ဟို group ထဲ ထည့်ပေးထားပြီးပြီဆိုတော့ အကူအညီတော့ ဖြစ်မှာပါ။ တစ်ယောက်ယောက် သူ့ဖုန်းနံပါတ်ကို ပြန်ရှယ်တဲ့အချိန်မှာ အခွင့် ကောင်းယူပြီး မင်းသူ့ကို ဆက်သွယ်လိုက်ပေါ့။"

ကျွန်တော်တို့ လေးယောက် ယောက်ျားကြီးတန်မဲ့ သူ့မိန်းမများ group ထဲ ရောက်နေပြီ။ မင်းတို့ နည်းနည်းလေးတောင် နေရမခက်ဘူးလား။

"ဒီထက် ပိုကောင်း ပိုမြန်တဲ့နည်း မရှိတော့ဘူးလား။"

ကျွန်တော် ထပ်မေးလိုက်မိတယ်။ ဒီကောင်မလေးတွေက သူတို့ဆီမှာ ဖုန်းနံပါတ်ရှိရင် တစ်လောကလုံးကို လျှောက်ပြောပြနေမယ်ထင်လို့လား။ သူတို့ ဘာသာပဲ ဆက်ပြီး သိမ်းထားမှာပေါ့ ငတုံးတွေရဲ့ ။

"အင်း၊ ငါ သူ့စာသင်ချိန်တွေ ဘာတွေ လိုက်ရှာကြည့်မယ်။ ငါ့ကိုယုံ။ တစ်နေ့တော့ Sarawatနဲ့ မင်း တွေ့ ကို တွေ့ရမယ်။ အခုလောလောဆယ်တော့ သူ့ကို Political Science ဆောင်မှာပဲ သွားရှာကြတာပေါ့။"

2gether Book 1 (Official Myanmar Translation)Where stories live. Discover now