CHAPTER 8 "Alter Ma Jeeb" (II)

109 14 1
                                    

-ZAWGYI-

အခုချိန်မှာတော့ အခန်းက အနက်ရောင် ဟုတ်မနေတော့ပေမဲ့ ခပ်အေးအေး မီးခိုးရောင်လေး ဖြစ်သွားပြီ။ ကျွန်တော်ကြိုက်တဲ့ အမေရိကန် စတိုင်လ်ပဲ။

“ဟျောင့်၊ ငါသိချင်တာ တစ်ခုရှိတယ်။”

Sarawat ကတော့ ကြမ်းပြင်ပေါ် ထိုင်ရင်း ကျွန်တော်စားဖို့ ပန်းသီးထိုင်လှီးနေတယ်။

"ဘာလဲ"

"မင်း အမေပြောတော့ မင်း တခါမှ ရည်းစား မထားဖူးဘူးဆို၊ ဟုတ်လား။"

“သူပြောတာ မှန်တယ်။"

"တကယ်ကြီး... မယုံနိုင်စရာပဲ။”

သူ့လိုလူက ရည်းစားတစ်ခါမျှ မထားဖူးဘူးဆိုတာ ယုံရခက်တယ်။ ကြည့်ရတာ သူက အရမ်း စိတ်ပျက်ဖို့ ကောင်းနေလို့ ဖြစ်မယ်။

"အဲ့တော့ မင်း ဘယ်လို ကောင်မလေးမျိုး ကြိုက်လဲ။”

“မင်းနဲ့ မဆိုင်ဘူး”

ချီး... နာကျင်သွားပြီ။ အခုချိန်မှာတော့ ကျွန်တော် နေသားကျနေပါပြီ။

"ပြောပြ"

"…"

"အဲဒါဆိုလည်း ခေါင်းညိတ် ခေါင်းခါလုပ်ပြ။”

"ခပ်ချောချောကောင်မလေး”

သူ ခေါင်းခါပြတယ်။

"စမတ်ကျပြီး ချစ်ဖို့ ကောင်းတဲ့ ကောင်မလေး"

သူ ခေါင်းခါပြပြန်တယ်။

“ချမ်းသာတာ”

ထပ်ခါပြပြန်ရော။

"ဟုတ်ပြီ၊ မင်း မိန်းကလေးတွေကို ကြိုက်ရော ကြိုက်ရဲ့လား”

ခေါင်းထပ်ခါပြတော့-

"ဘာ၊ အဲ့တော့ ယောက်ျားလေးတွေ ကြိုက်တာ။”

ထပ်ပြီးတော့ ခေါင်းပဲ ဆက်ခါပြနေပြန်တယ်။

“မင်း ဘာကိုမျှ မကြိုက်တာလား။ မကောင်းတာတွေ ကြိုက်တာလား ဘာလား။"

“အင်း... ငါင်းကိုကိုက်တာ

ချီးလိုပဲ၊ ဒီအဖြေကြီးက။

“နောက်တစ်ခါ မင်း ငါ့ကို ကြိုက်တယ်လို့ ပြောမဲ့အစား ငါ့ကို မကောင်း တဲ့အကောင်လို့ ပြောလိုက်လည်း ရတယ်။”

2gether Book 1 (Official Myanmar Translation)Where stories live. Discover now