CHAPTER 5 "Extreme Sarawatlism" (III)

2K 161 12
                                    

-ZAWGYI-

"ငါတို့ ဒီနေ့ ဘာမျှ စ မသင်ခင် ငါ ပြောစရာ နှစ်ခုရှိတယ်။ ပထမဆုံး ဂစ်တာကလပ်က သူတွေ အားလုံး ကိုယ် ဂစ်တာတီးနေတဲ့ video ရိုက်ပြီး ကိုယ့်အခြေအနေ ဘယ်လောက် ရောက်နေပြီလဲ ဆိုတာ သိအောင် ပြရမယ်။ ဂစ်တာ တီးတတ်ပြီးတဲ့သူတွေက သီချင်းတစ်ပုဒ် တီးထားတာ ပို့ပေးရမယ်။ ပြီးတော့ သင်နေဆဲ သူတွေက အခြေခံ Chord ၈ ခုကို တီးပြထားတာ ရိုက်ပြီး အခု board မှာ ရေးပေးထားတဲ့ email ကို ပို့ပေးရမယ်။"

"ဟမ် ... ဘာကြီးလဲ။"

အခန်းတစ်ခန်းလုံး ညည်းညူသံတွေ အပြည့်။ အထူးသဖြင့် ကျွန်တော့် အသံကတော့ အားလုံးထဲ အကျယ်ဆုံးပဲ။ ဒီနေ့မှ စသင်တုန်း ရှိသေးတယ်။ အခုမှ စိတ်ထဲရအောင် သွင်းနေတုန်းရှိသေး သူတို့က အလုပ်တွေ တဆုံး ခိုင်းနေပြီ။

"ရူး။ တိတ်တော့။ video မပို့တဲ့သူတွေ ကလပ်ကနေ အဖယ်ခံရမယ်။"

Dissatat! P' Dim! ခင်ဗျားကတော့

"သေတော့မှာပဲ။"

"မသေပါဘူး။ ကောင်မလေးတွေကို လိုက်ဖို့ ဂစ်တာ တီးသင်ချင်တဲ့သူတွေ ကြိုးစား။ အဲ့လို လူတွေ အများကြီးပဲ။"

P' Dim တစ်ယောက် ဆက်ပြောနေလိုက်တယ်။

"Facebook သုံးရင် အဲ့မှာ တင်ပြီး ငါ့ကို Tag လိုက်လို့ ရတယ်။ ငါ ကြည့်ပြီး comment ပေးမယ်။ အတတ်နိုင်ဆုံး ချိုချိုသာသာလေး ရေးပေးမယ်။"

အပေါက်ဆိုးတဲ့ ခေါင်းဆောင်နဲ့ ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ စကေး ပေါင်းလိုက်ရင်တော့ မတွေးရဲစရာပဲ။ သတ္တိတွေ ကောင်းပြီး Facebook ပေါ် မတင်နိုင်ပါဘူး။ Sarawat လို တော်တဲ့သူတောင် တင်မှာမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဒီကိစ္စကြီးက သူနဲ့လည်း မဆိုင်ပါဘူး။ ဘာလို့ဆို သူက နဂိုကတည်းက Facebook မသုံးဘူးလေ။ facebookou

"ဒုတိယတစ်ခုက The Alter Ma JeebFair ဆိုတဲ့ ဂီတပွဲတော် ရှိလိမ့်မယ်။ စာသင်ချိန် ပြီးရင် အားလုံးကို ရှင်းပြပေးမယ်။ အခုတော့ စပြီး လေ့ကျင့်ကြတော့ မြန်မြန်။"

ထိုစီနီယာက တစ်ယောက်တည်း ပြောပြီးတဲ့နောက် Sarawat ဘက်ကို စိတ်မကြည်သလို လှည့်ကြည့်လေရဲ့ ။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now