CHAPTER 5 "Extreme Sarawatlism" (I)

1.7K 131 8
                                    

-ZAWGYI-

"ထူးခြားသော Sarawatlism"

TineTheChic
ဟျောင့်တွေ၊ ငါ သတင်းကောင်း ပြောစရာ ရှိတယ်!

ThisisPope
Sarawat က မင်းကို ကူညီဖို့ သဘောတူလိုက်တာ ပြောမလို့ မဟုတ်လား

TineTheChic
မင်း ဘယ်လို သိတာလဲ

Thisis Pope
ဒီတိုင်း ရမ်းပြောတာ .. မှန်သွားတာလား

TineTheChic
မင်း ထီထိုးလို့ ရပြီ

Taroman
မင်း ဘာလုပ်လိုက်လို့ သူက သဘောတူသွားရတာလဲ? ခန္တာကိုယ်ပါ ပေးလိုက်ရတာလား

TineTheChic
ရွံ့ဖို့ကောင်းလိုက်တာကွာ

FongChinaBoy
ဂုဏ်ပြုပွဲရော လုပ်ချင်သေးလား? နောက်ဆုံးတော့ မင်းရဲ့ လွတ်လပ်မှုကြီးကို မင်း ပြန်ရတော့မှာပေါ့

TineTheChic
ချီးကို ဂုဏ်ပြုပွဲလုပ် .. မနက်ဖြန် အတန်းရှိတယ်
Soda ပဲ သောက်ကြမလား

FongChinaBoy
ငါ cola မသောက်တော့တာ မင်း မသိဘူးလား

TineTheChic
ဟုတ်လား? နောက်ဆုံးတော့ မင်း ကျန်းမာရေး ဂရုစိုက်နေပြီပေါ့

FongChinaBoy
မဟုတ်ဘူး ငါ Pepsi ပြောင်းသောက်နေတာ

TineTheChic
လိ့လား

ThisisPope
အဲ့တော့ ငါတို့က ဘာလုပ်ရမှာလဲ

TineTheChic
Green ကို ငါနဲ့ Sarawat တွဲနေပြီလို့ သွားပြောလိုက်
မင်းတို့ ဘယ်လိုပြောမလဲဆိုတဲ့ အပေါ်လဲ မူတည်သေးတယ်

Taroman
လိမ်ဖို့ ညာဖို့က ငါတို့ ကိစ္စထား

TineTheChic
ဟင်း....

FongChinaBoy
ငါတို့ကိုသာ စိတ်ချ … က်စြည်ထားလိုက်မယ်

TineTheChic
ကျေးဇူးကမ္ဘာ့!
*နမ်းနေပုံ စတေကာ*

"ထိန်းမနိုင် သိမ်းမရ ချောလွန်းသူများ" ဆိုတဲ့ Line Group chat ကို ပိတ်လိုက်ပြီးတဲ့နောက် ကျွန်တော် ခုတင်ထောင့်မှာထိုင် တစ်ယောက်တည်း ပျော်ပျော်ကြီး ပြုံးနေမိတယ်။

ဒီလိုပဲ၊ Green ကို ပထုတ်ဖို့အတွက် စီစဉ်ထားတဲ့ project မှာ အရေး ကြီးဆုံးနေရာကပါတဲ့ Mr. Sarawat Gunthitanon က ခွင့်ပြုချက် ပေးလိုက်ပြီ။ အရင်က ဒီလောက်တောင် ဘူးခံငြင်းနေခဲ့ပြီးမှ ဘာလို့ အခုကျ လွယ်လွယ်နဲ့ သဘောတူလိုက်လဲ ကျွန်တော် မသိဘူး။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now