CHAPTER 1 "A busybody blocking True Love" (I)

27.6K 1.2K 22
                                    

-ZAWGYI-

ချစ်စ်မ်းကို လာပိတ်တေဲ့ရှုပ်ထုပ်ကောင်

ဘယ်နေရာမှာမှ ပြေးပေါက် မရှိအောင် ပိတ်လှောင်ခံရဖူးလား?

ဒါမှမဟုတ် ဘယ်ဘက်လမ်းကို ရွေးမိတာ မင်းကို ပြေးကိုက်မတတ် ဖြစ်နေတဲ့ ခွေးရူးရှိနေလို့ ညာဘက်လမ်းကို ပြန်ရွေးတဲ့အခါ လမ်းမရှိတာမျိုး?

အဲဒါတွေက ကျွန်တော် အခု ဖြစ်နေတဲ့ အခြေအနေတွေပါပဲ။ ကျွန်တော့်အကြည့်တွေကလည်း ဘူးအနီလေးကို ကြည့်လိုက် ရှေ့က ကောင်လေးကို ကြည့်လိုက်နဲ့။

ကျွန်တော့်ရှေ့က လူကတော့ ပြုံးပြလေရဲ့။ သူက ရုပ်ဆိုးနေတာတော့ မဟုတ်ဘူး။ ဆွဲဆောင်မှု ရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကို သူ့ခံစားချက်တွေ လာဖွင့်ပြောနေတာမလို့ သူက ဂေးတစ်ယောက်ဆိုတာကိုတော့ ကျွန်တော် တပ်အပ်ပြောနိုင်တယ်။ မိန်းကလေးနှလုံးသားနဲ့ ယောက်ျားမျက်နှာကြီးက ကျွန်တော့်ကို စကားလုံး ချိုချိုလေးတွေပါ ပြောနေသေးတယ်။ ကျွန်တော် ဘယ်လို ငြင်းရမလဲ?

"ဥပဒေကျောင်းသား Tine Teepakorn ငါ နင့်ကို အရမ်းကြိုက်တာနော်!"

"ဟို-"

ကျွန်တော့်သူငယ်ချင်းတွေကို လှည့်ကြည့်ကာ အကူအညီတောင်းပေမယ့်လည်း သူတို့ အကုန်လုံး ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေလေရဲ့။

"အဲ့ဒါက-"

"ဘာဖြစ်လဲ ဥပဒေကျောင်းသား Tine Teepakorn"

ချီးလိုပဲ! အဲဒါ ငါ့နာမည်ဟ! ပြီးတော့ ငါက ကြီးမြတ်တဲ့ ဂရိတ်ဝေါကြီးလဲ မဟုတ်။ အဲ့လောက် အရှည်ကြီး ခေါ်နေစရာ မလိုပါဘူး။

လုပ်ပါဦး။

"ငါ .. ငါ ယောက်ျားလေးတွေ မကြိုက်ဘူး မိန်းကလေးပဲ ကြိုက်တယ်"

ကျွန်တော် သူ့ကို သူငယ်ချင်းဆန်ဆန် ပြန်ပြောလိုက်ပေမဲ့ အလုပ်မဖြစ်ပါဘူး။

"ကိစ္စ မရှိပါဘူး ဒီလို ကိစ္စမျိုးက ပြောင်းလဲလို့ ရပါတယ်"

သူကတော့ ခပ်တင်းတင်းပဲ ပြန်ဖြေလေရဲ့။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now