Chapter 7 "Instagram" (II)

150 15 1
                                    

-ZAWGYI-

Sarawatlism Free

ခုနက ပြဿနာ ဖြစ်ခဲ့တဲ့ Americano ခွက်ပုံ။ အခုတော့ သူ့ Fan တွေကြား ရေပန်းစားတဲ့ instagram ပေါ်က ပြောစရာ အကြောင်းအရာ တစ်ခုကို ဖြစ်လို့။ သူတစ်ယောက်တည်း ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ကျွန်တော် ဘာမှ ပြန်မပြောမိဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေ အဲ့ပုံအောက်မှာ comment ရေးနေတာတွေ မြင်နေရတယ်။ တစ်ချိန်တည်းမှာပဲ အော်ဟစ်နေတဲ့ အသံတွေ ကြားလိုက်ရတာနဲ့ သူတို့ဝိုင်းဆီကဆိုတာ ကျွန်တော် သိနေတယ်။

Boss-pol မင်းကတော့Americano သောက်ရတာ အရမ်းကြိုက်တဲ့ပုံပဲ။
Bigger330 ဘယ်သူ့ဆီကလဲ ဆိုတာ ငါသိတယ်
KittTee စားပွဲလေးက ချစ်စရာလေး
Man_manman @Sarawatlism ငါ သူ့ကို tag ပေးရမလား?

ကျွန်တော် ဘယ်ညာ ဘေးဘီကို လှည့်ကြည့်လိုက်မိတယ်။ သူတို့ ဘယ်စားပွဲကို ပြောနေကြတာလဲ။ ပြီးတော့ ဒီတစ်ဝိုက်မှာ Sarawat ကို ဆာလောင်နေတဲ့ ကောင်မလေးတွေ အများကြီး။ ပိုအရေးကြီးတာက အခုဆို ဝန်ထမ်းတွေက Sarawat နားမှာ လိုင်းစီခိုင်းပြီး အဲ့နားတစ်ဝိုက်မှာ အအေးတွေ လိုက်ပေးနေတယ်။

"ဘယ်သူလဲမသိ၊ Sarawat အတွက် Americano မှာပေးထားတယ်"

"ဘာ"

နာမည်ကြီးလိုက်တာ။

ကျွန်တော် ဒီတိုင်းလေး ရေကြည့်တာတောင် သူ့နားမှာ ၅ ခွက် ၆ ခွက်လောက် ရှိတယ်။ တကယ်လို့ သူသာ အကုန် သောက်မယ်ဆို နောက်ဘဝထိ မအိပ်ပဲ နေနိုင်လောက်တယ်။ သူ့ fan တွေကတော့ တကယ်ကို အံ့ဩဖို့ကောင်းပြီး တစ်ချိန်တည်းမှာလည်းကြောက်ဖို့ကောင်းတယ်။ သူ့သူငယ်ချင်းတွေ ကတော့ အံ့ဩတကြီး ဖြစ်လို့။

သူ ဆိုင်ဝန်ထမ်းကို ခဏကြာအောင် စကားပြောနေတာကို တွေ့လိုက် ရတယ်။ ကြည့်ရတာ သူ့အတွက် ဒါတွေ ဘယ်သူ မှာပေးတာလဲ မေးနေတဲ့ပုံ၊ ကျွန်တော့်လက်ထဲက ဖုန်းကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်ပြီး ကိုယ့်ဖုန်းကို ထုတ်လိုက်တော့တယ်။ အဲ့တော့ ကျွန်တော် ဂျေဝင်နေတာ ဘာညာ မဟုတ်၊ ဒီတိုင်း ကျွန်တော့် fan တွေလည်း ကျွန်တော့်ကို အဲ့လို ဆက်ဆံရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီး တွေးမိရုံပဲ။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now