CHAPTER 1 "A busybody blocking True Love" (II)

14.9K 834 12
                                    

-ZAWGYI-

Green က ကျွန်တော့်ကို အတိတ်ဘဝရဲ့ ဝဋ်ကြွေးလိုပဲ တွယ်ကပ်နေတော့တာ။ ကျွန်တော့်ရဲ့ Star Gang က ကောင်တွေကို သူနဲ့ ပတ်သက်ပြီး အားလုံး ပြောပြလိုက်တယ်။ ကျွန်တော် တကယ် စိတ်တိုနေပြီ။

"စိတ်အေးအေးထား ငါတို့ မင်းကို ကူညီပေးမယ်"

Fong က ကျွန်တော့်ကျောကို ခပ်ကြမ်းကြမ်း ပုတ်ရင်း အားပေးသလို ပြောလေရဲ့။ သူတို့ အားလုံး ဖုန်းကိုယ်စီနဲ့ Facebook မှာ ကျွန်တော် အီလို့ ရမဲ့ ကောင်မလေးတွေကို ကြိုးစားပမ်းစား ရှာပေးနေတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်မလေးက ချောရ လှရမယ် ချမ်းသာရမယ် နာမည်ကြီးရမယ်။ အဲ့တော့မှ အဲဒီ Green Snackkiki က ကျွန်တော့်ကို ဆက်မလိုက်တော့မှာ။

"စိတ်ဝင်စားဖို့ ကောင်းတာ တွေ့လား?"

"အင်း.. တွေ့တော့ တွေ့ပေမဲ့ အားလုံးက ရည်းစားရှိတဲ့ပုံတွေ"

"စီနီယာတွေထဲကရော"

Ohm က ကျွန်တော့်ကို မေးတော့

"ရတယ် ပထမနှစ်ဖြစ်ဖြစ် ဒုတိယနှစ်ဖြစ်ဖြစ် ဂျုနီယာဖြစ်ဖြစ် စီနီယာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး"

ကျွန်တော်တို့ အားလုံး ဆက်တိုက် ရှာကြည့်နေလိုက်တယ်။ Social Media ပေါ်ကနေ ကောင်မလေး ရှာရတာက အပြင်လောကမှာ ရှာရတာထက် ပိုလွယ်ပါတယ်။

အခြေအနေကြီးကတော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပေါ့။ ဘာလို့လဲ သိလား။ ပထမဆုံးအနေနဲ့ Green Snackkiki ကို ရှင်းထုတ်လို့ ရမယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ရည်းစားရမယ်။ အရမ်းကို ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ!

"Ohm.. ဘယ်လိုလဲ"

၁၅ မိနစ် ကုန်သွားပြီ။ ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာ စစ်ဆေးကြည့်ရတော့မယ်။ Ohm ကိုတော့ ကျွန်တော်တို့က Social Media King လို့ တွေးထားကြတာလေ။ သူ့မှာ Twitter, Facebook, Instagram အကောင့်တွေ အများကြီး ရှိတယ်။ Tinder ပါ ပါလိုက်သေးတယ်။ သူက တစ်နေကုန် ဖုန်းပဲ သုံးနေတာ။

"ငါ့ကို Pope လို့ ခေါ်ပါဆို။ ချီးပဲ မှတ်ထားဟ"

ဘုရားသခင်.. တကယ့်ကို ရွံ့ဖို့ကောင်းတာပဲ အော့!

2gether Book 1 (Official Myanmar Translation)Where stories live. Discover now