CHAPTER 8 "Alter Ma Jeeb" (I)

132 14 2
                                    

-ZAWGYI-

ကျွန်တော် ဖုန်း screen ကို အကြာကြီး ထိုင်ကြည့်နေလိုက်မိတယ်။ ရင်ထဲက ခံစားချက်တွေကတော့ ဗြောင်းဆန်နေတာမို့ စကားတစ်ခွန်းပဲ ပြောနိုင်တော့တယ်၊ ယီးလား။

"မင်း ငါ့ကို အဲ့လောက်ထိ ချစ်စရာ မလိုပါဘူး။ ဘာလို့ ငါ့ကိုပဲ follow မှာလဲ။ မင်းမိန်းမတွေ ငါ့လာသတ်မှာ မခံချင်ဘူးနော်။”

ကျွန်တော့်ဘဝအတွက် စိုးရိမ်တာမို့ ဒီစကား ပြောမိတယ်လေ။ Sarawat ရဲ့ မိန်းမတွေက အရမ်း ကြောက်ဖို့ ကောင်းတယ်။

"သူငယ်ချင်းမို့ follow တာလေ။ လျှောက်တွေးမနေနဲ့။"

ဘာအဖြေကြီးလဲဟ။

"အဲ့ဒါဆို မင်း ဘာလို့ မင်းရဲ့ ခြင်္သေ့ဖြူအဖွဲ့ ကိုပါ Follow မလုပ်တာလဲ။"

"မေးမနေနဲ့တော့ မဟုတ်ရင် မင်းက တခြားဟာ ဖြစ်ချင်တာလား။”

"ဘာဖြစ်ချင်ရမှာလဲ။”

"အင်း ... ငါ့မယားငယ်"

"…"

အေး၊ အေး၊ ငါ မင်းနဲ့ ဒီထက်ပိုပြီး စကားမများချင်တော့ဘူး။ ဒီကောင့်ကို ဂရုမစိုက်ဘဲ ကိုယ့်မုန့်ကို ပျော်ပျော်ကြီး ထိုင်စားနေတာက ပိုကောင်းတယ်။ သူကိုယ်တိုင်လည်း ဖုန်း screen ကို ဟိုဆွဲ ဒီဆွဲနဲ့ ဆော့နေပြီး ဘေးပတ်ဝန်းကျင်က သူတွေကတော့ ဆာလောင်နေတဲ့ ခွေးတွေလို အော်ဟစ်နေရော။

"Sarawat ငါ နင့်ကို tag ထားတဲ့ ပုံ like လုပ်ပေးဦးနော်။”

"Sarawat"

"လုပ်ပေးလိုက်ပါ သူ့ကြည့်ရတာ မင်းကို တော်တော်ဖြစ်နေပုံပဲ။”

Sarawat က ကျွန်တော့်ကို စိုက်ကြည့်ကာ ဘာမျှ မပြောဘဲ နေနေပေမယ့် ခဏ ကြာတော့-

"ဪ၊ Sarawat ငါ့ပုံကို like လုပ်သွားပြီ။ Sarawat ရဲ့ polariod ပုံတွေ အလကား ပေးမယ်။ မနက်ဖြန် ငါ့ဆိုင်မှာ လာယူကြ။ အား…"

ဒါကတော့ ခဏတာအတွက်ပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ပေါ်လာတဲ့ ပျော်ရွှင်မှုကြီးပေါ့။ Sarawat တစ်ယောက်ကတော့ ခုနက ပုံကို like လုပ်လိုက်တဲ့ လက်ချောင်းနဲ့ပဲ နှာခေါင်းပြန်နှိုက်နေလေရဲ့။

“မင်း ဘာလို့ အဲ့လို မျက်နှာလုပ်ထားတာလဲ။”

ခဏကြာတော့ သူ ကျွန်တော့်ကို မေးခွန်း ထမေးလေရော။

2gether Book 1 (Official Myanmar Translation)Où les histoires vivent. Découvrez maintenant