CHAPTER 2 "Flirt with you this life, Dating You in Next Life" (III)

7.7K 473 9
                                    

-ZAWGYI-

ကျွန်တော် ခဏ ရပ်စောင့်နေလိုက်တယ်။ အချိန်ကောင်း ရောက်တဲ့ အချိန်ထိ စောင့်နေလိုက်ပြီးတဲ့နောက် သူ့နားကို ခပ်မြန်မြန် လျှောက်သွား လိုက်မိတယ်။

"Sarawat စားပြီးပြီလား။"

သူ့သူငယ်ချင်းက မေးတော့-

"ငါ သွားပြီ အတန်းထဲ ရောက်မှ တွေ့မယ်။"

"မင်းကို ကောင်မလေးတွေ ဝိုင်းမဆွဲစေနဲ့။ မဟုတ်ရင် ပြဿနာ ကြီးကြီး တက်လိမ့်မယ်၊ ဟ ဟ။"

အရပ်ရှည်ရှည်နဲ့ ကောင် ထထွက်သွားတာ မြင်တော့ ကျွန်တော်လည်း ခပ်မြန်မြန်ပဲ ကိုယ့်ပန်းကန်ကို ယူပြီး သူ့နောက် လိုက်သွားလိုက်တယ်။

"မင်း ငါ့ကို မှတ်မိလား။"

ကျွန်တော် ပန်းကန် ထားပြီးတဲ့နောက် Sarawat ဘက် လှည့်ကာ နှုတ်ဆက်လိုက်တယ်။ Sawaratကတော့ ကျွန်တော့် အသံကို ကြားတာနဲ့ ချက်ချင်း လှည့်ကြည့်တယ်လေ။ သေစမ်း၊ သူ ကျွန်တော့်ကို ကြည့်နေတာ မသိရင် ကျွန်တော့်ကို အခုချက်ချင်း ဝါးစားတော့မဲ့ပုံနဲ့။

"ဘာလဲ"

ဘယ်လိုတောင် ရင်းနှီးချင်စရာ ကောင်းလိုက်လဲ။

"ငါ မင်းနဲ့ စကားပြောလို့ ရလား။"

“ငါ သူစိမ်းတွေနဲ့ စကားမပြောဘူး။"

ယဉ်ကျေးလိုက်တာလဲ လွန်ရော။

"ငါတို့ မနေ့က တွေ့ တယ်လေ။ ပြီးတော့ ငါတို့ သူစိမ်းလို့ မထင်ပါဘူး။ နော်... ငါးမိနစ်ထဲပါ။"

"အချိန်တွေ လာဖြုန်းနေတာပဲ။"

"အဲ့ဒါဆို ၃ မိနစ်"

"ငါ့နောက် လိုက်မနေနဲ့! စိတ်အနှောင့်အယှက်ဖြစ်တယ်။”

ဒီလို သူ လျှောက်ထွက်သွားပါပြီ။ Wow! ကျွန်တော့်ဘဝတစ်လျှောက်လုံး ဒီလို တစ်ခါမှ လျစ်လျုရှုမခံရဖူးဘူး။ သူ ထွက်သွားတော့ သူ့နောက်ကပဲ ဆက်လိုက်ရတာပေါ့။ အခု ကျွန်တော့်ပုံစံက Green နဲ့တောင် တူလာပြီ။

“အဲ့ဒါဆို ၁ မိနစ်နော်။ မကြာပါဘူး၊ ငါ မင်းအကူအညီ လိုလို့။"

"…"

"ဟျောင့် Sarawat ငါ့ကို ၁၀ စက္ကန့်ပဲ ပေး။"

2gether Book 1 (Official Myanmar Translation)Où les histoires vivent. Découvrez maintenant