Chapter 7 "Instagram" (I)

137 15 5
                                    

-ZAWGYI-

Sis Tun café ကတော့ Architecture ကို အောင်ဖို့ သုံးနှစ် အချိန်ပိုယူလိုက်ရတဲ့ စီနီယာတယောက် ပိုင်တဲ့ဆိုင်ပါ။ ဒီလို ပုံမှန်နေ့မျိုးမှာတော့ မနက်ပိုင်း အတန်းဖျက်တယ်ဆိုတဲ့ သတင်းထက် ပိုကောင်းတာ ဘာမှ မရှိဘူး။ ဘယ်လောက်တောင် သာယာလိုက်တဲ့ ဘဝကြီးလဲ။ အခုဆို ကျွန်တော်တို့ အတန်းလစ်ရတာကို ဆေးစွဲသလို စွဲနေပြီ။ ကျွန်တော့်တို့ရဲ့ ပုံမှန် လုပ်ငန်းစဉ်ကြီးတောင် ဖြစ်နေပြီပေါ့ဗျာ။ Architecture ဌာနရှေ့မှာ ရှိတဲ့ ဆိုင်မှာ မိန့်မိန့်ကြီး ဝင်ထိုင်နေလိုက်တယ်။

ဒီနေရာမှာ ရှိတဲ့ အနေအထား အခြေအနေကို သဘောကျပါတယ်။ ကျွန်တော်တို့ ဆိုင်တစ်ဆိုင်ကို သဘောကျသွားပြီဆိုရင် အဲ့ဆိုင် ပိတ်တဲ့အထိ ထိုင်တယ်။ ဒါပေမဲ့ တစ်ခု ရှိတာက ကျွန်တော်တို့ ဒီဆိုင်ကို စောစောရောက်နေမှ၊ နောက်ကျသွားရင် ဗလတောင့်တောင့် engineer uniform နဲ့ ကျောင်းသားတွေ ပြည့်နေရော။ ကံကောင်းတာက ဥပဒေက သူတွေက uniform မတူတာမို့ ဘယ်သူမှ ကျွန်တော်တို့ကို အဖက်မလုပ်ကြဘူး။

“ဘာမှာကြမလဲ။”

ဆိုဖာပေါ် ထိုင်နေပြီ ဖြစ်တဲ့ Puek က လှမ်းမေးရင်း သူ့မျက်လုံးတွေ ကတော့ တစ်ဖက်စားပွဲကို မျက်တောင် မခတ်တမ်း ကြည့်နေလေရဲ့။ ချီး … သူ့မျက်စိတွေသာ ခြေထောက်ပါရင် သူကြည့်နေတဲ့ ကောင်မလေးဆီ ပြေးကပ် သွားလောက်ပြီ။

“ဘာပဲဖြစ်ဖြစ်”

ကျွန်တော် ဖြေလိုက်တော့-

“ဘာပဲဖြစ်ဖြစ်”

Ohm ကပါ လိုက်ဖြေတယ်။

“ဘာပဲဖြစ်ဖြစ်”

Fong ဆီကလည်း အဲ့အဖြေပဲရလာတယ်။ ဒီ ယီးငတုံးကောင်တွေ တော့ ကိုယ်ပိုင် စကားလုံးကို ဘယ်လို သုံးရမယ် မသိကြဘူး ထင်တယ်။

“ဒီမှာ၊ ကျွန်တော်တို့ ‘ဘာပဲဖြစ်ဖြစ်’ လေးပွဲ မှာလို့ ရမလား။”

ကျွဲကောင်ဆီက ဒီလို စကားထွက်လာတဲ့အချိန် ရှိသမျှ လူအကုန်လုံးရဲ့ အကြည့်တွေက ကျွန်တော်တို့ဆီမှာ။ ငါ့နှလုံးသားလေး.. ဒီလို အခြေအနေ ကို မုန်းလိုက်တာ။

"ရပါတယ်၊ ခဏလေး စောင့်ပါနော်။”

ဒါပေမယ့်လည်း ပိုဝမ်းနည်းဖို့ ကောင်းတာက ဝန်ထမ်းလေးက ကျွန်တော်တို့ကို ရယ်ရတယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး order လက်ခံယူသွားတာပဲ။ ဒီမှာ ဘာအဖျော်ဆရာမှ မရှိဘူး။ ပိုင်ရှင်ကပဲ အကုန်လုံးကို တာဝန်ယူထားတာ။ ပြီးတော့ ပျော်ပျော်ကြီး လာကူပေးနေတဲ့ Architecture ဂျုနီယာ ကျောင်းသား အနည်းငယ်ရယ်။

2gether Book 1 (Official Myanmar Translation)Where stories live. Discover now