Chapter 9 "Alcohol" (II)

134 14 1
                                    

-ZAWGYI-

Rrrrrrrr....

ကျွန်တော် ဂိမ်းဆော့နေတုန်း ဖုန်းဝင်လာတယ်။ ခေါ်တဲ့သူကတော့ Fong ။ ပုံမှန်ဆို သူ ဘယ်တော့မှ ညနေပိုင်း ဖုန်းမခေါ်တတ်ဘူး။ သူက အမြဲတမ်း သူ့ရည်းစားနဲ့ပဲ စကားပြောနေတာ။

"ဘာဖြစ်တာလဲ၊ မင်း..."

ကျွန်တော် ပြောမယ်ကြံကာရှိသေးတယ်၊ သူက ကျွန်တော့်ကို ပြီးအောင် ပေးမပြောခဲ့ဘူး။

[ဗြဲ!!!Tine!!!]

"Fong ဘာဖြစ်တာလဲ၊ ဘာလို့ ငိုနေတာလဲ။"

ကျွန်တော် မေးနေပေမဲ့ သူကတော့ ပြန်မဖြေ။ ကျွန်တော် မေးခွန်း ထပ်မမေးခင် သူ စိတ်ငြိမ်လောက်တဲ့အထိ စောင့်နေလိုက်တယ်။

"မင်း ဘာဖြစ်တာလဲ။ ငါ့ကို ပြောပြဦးမှာလား။"

[Tine ငါ အသည်းကွဲနေပြီ]

"ဘာ"

[သူ ငါ့ကို ထားသွားပြီ! လက်ပူးလက်ကျပ်ကို မိတာ။ သူ အဲ့ကောင်နဲ့ လျှောက်သွားနေတာ!]

"Fong စိတ်အေးအေးထား။ မင်း အထင်လွဲနေတာ ဖြစ်နေဦးမယ်။'

[ယီးကို အထင်လွဲရမှာလား။ ငါ သူ့ကို မေးတော့ သူက အဲ့ဒါ သူ့ရည်းစား အသစ်တဲ့။ ဖောက်ပြန်တဲ့ ဟာမကြီး။]

"ဟာ၊ ဘယ်လိုတောင်မကောင်းတာလဲ။မင်းလိုလူကောင်းတစ်ယောက် ကို ထားသွားရတယ်လို့။"

[ငါ့ဆီ လာခဲ့ Tine]

"ဘယ်ကိုလဲ။"

[ငါ အမူးသောက်ချင်တယ်! ဒီလောကကြီးကို မေ့သွားချင်တယ်! Mamao Bar မှာ တွေ့မယ်]

"Puek နဲ့ Ohm ရော။ မင်း သူတို့ကို ပြောပြီးပြီလား။"

[အင်း သူတို့ အခု ငါနဲ့ အတူ ဘားမှာ ရှိတယ် မြန်မြန်လာ]

ဘာ ... ရုတ်တရက်ကြီး အဲ့ဘားက ဘယ်ကနေ ဘယ်လို ဝိုင်းရသွားကြတာလဲ။ ကျွန်တော့် သူငယ်ချင်းတွေကို အသည်းမကွဲစေချင်ဘူး၊ တကယ်။ သူတို့ သောက်တာတွေကို ရှင်းရတာ တကယ် ဈေးကြီးတယ်။

ကားသော့ရှာယူလိုက်ပြီး ဘားဆီကို မောင်းထွက်လာခဲ့တယ်။ ပထမနှစ် ဖြစ်ပြီး အသက် ၁၉ နှစ်ပဲ ရှိသေးတာမို့ ကလပ်သွားဖို့ အသက်မပြည့် တဲ့အတွက်ဘားတွေမှာပဲသောက်ဖြစ်ကြတယ်။ ဘားထဲကို လျှောက်ဝင်လာခဲ့ပြီး မီး‌ရောင်မှိန်မှိန် အခန်းထဲ ကျွန်တော့် သူငယ်ချင်းတွေကို လိုက်ရှာနော်လိုက်တယ်။ နောက်ဆုံးမှာတော့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ Puek ရဲ့ မျက်နှာကို မြင်လိုက်ရတော့တယ်။

2gether Book 1 (Official Myanmar Translation)Où les histoires vivent. Découvrez maintenant