CHAPTER 3 "Please don't doubt my trust in you" (II)

8.8K 436 19
                                    

-ZAWGYI-

ကျွန်တော် ဥပဒေဆောင်ကနေ ခပ်မြန်မြန် ပြေးထွက်လာကာ ကျွန်တော်တို့ အဆောင်နဲ့ မဝေးတဲ့ political science ဆောင်ဘက်ကို ထွက်လာခဲ့တယ်။ ကျွန်တော် အဆောင်ထဲကို ရောက်ရောက်ချင်းပဲ အားလုံးရဲ့ အကြည့်တွေက မသိရင်ပဲ ကျွန်တော် တခုခု မကောင်းတာ လုပ်ထားသလို ဝိုင်းကြည့်ကြရော။ စီနီယာတွေက အစ ပထမနှစ်တွေအဆုံး ကျွန်တော့်ကို စိုက်ကြည့်နေလိုက်ကြတာ ဆိုတာ။

သေပြီ၊ ကျွန်တော် နေရာမှားရောက်လာသလိုပဲ။

ကျွန်တော့်လိုလူကတစ်ခါမျှအမှားမလုပ်ဖူးဘူး။ ကန်တင်းကနေလည်း အစားအသောက် မခိုးဖူးဘူး။ ကျွန်တော် အမြဲ ဘာလို့ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကို ကြုံနေရတာလဲ။

အင်း... စိတ်ဓာတ်ကျရုံနဲ့ ဒီကိစ္စက ဖြေရှင်းပြီးမှာ မဟုတ်ဘူးလေ။ ကြည့်ရတာ ကျွန်တော် အရင်ဘဝက သူများဘဝတွေကို ဆိုးဆိုးရွားရွား ဖျက်စီးမိခဲ့လို့ ဒီလိုတွေ ပြန်ပေးဆပ်နေရတယ် ထင်ပါတယ်။

ကျွန်တော် စားပွဲတွေနားကို ခဏလေးနဲ့ ဖြတ်ကျော်ရင်း မီတာ ၂၀ အကွာလောက်မှာ အရှုပ်ထုပ် ထိုင်နေတာကို တွေ့ လိုက်ရတယ်။ ကျွန်တော် တုံ့ဆိုင်းမနေတော့ပဲ သူ့ဆီကို တန်းနေအောင် လျှောက်သွားလိုက်တော့တယ်။

"မင်း ဘာလို့ ငါ့ ဖုန်းကို မကိုင်တာလဲ။"

အဲ့ကောင် Sarawat က One Pieces comic ဖတ်နေရင်းက ကျွန်တော့်ကို မော့ကြည့်လိုက်တယ်။

"မင်းပြောတော့ ဘယ်ဖုန်းမှ မကိုင်နဲ့ဆို အဲ့ဒါကြောင့် ငါ မကိုင်တာ။"

"ခွေးကောင်၊ တခြားသူတွေ ဖုန်းခေါ်ရင် မကိုင်ဖို့ ပြောတာ။ ငါ ခေါ်ရင် မကိုင်နဲ့ ပြောတာ မဟုတ်ဘူး။"

"နောက်ဆုံးတစ်ခေါက်မှာ မင်း အဲ့လို မပြောခဲ့ဘူးလေ။"

"မင်းက တကယ် ငါကို စိတ်အနှောင့်အယှက် ပေးနေတာပဲ။ မင်း ဘာလို့ ငါ့ဖုန်းကို ပိတ်ထားတာလဲ။"

"စိတ်ရှုပ်လာလို့။”

ကျွန်တော် တကယ် ဒီကောင့် ခေါင်းကို ဖြတ်ကန်လိုက်ချင်ပြီ။

"ငါ့ဖုန်း ပြန်ပေး"

ကျွန်တော် သူ့ဆီ လက်ဆန့်ထုတ်ရင်း တောင်းလိုက်တယ်။ ကျွန်တော်ရဲ့ social media account အတွက် အကုန်လုံးရဲ့ အဓိက သော့ဖြစ်တဲ့ စက်ပစ္စည်း၊ တစ်နည်းပြောရရင် ကျွန်တော့်ရဲ့ လွတ်လပ်မှု။

2gether Book 1 (Official Myanmar Translation)Dove le storie prendono vita. Scoprilo ora